၂ ရာချုပ် 28:25 - မြန်မာ့စံမီသမ္မာကျမ်း
ယုဒပြည်ရှိ မြို့တိုင်းတွင် အခြားဘုရားတို့ကို နံ့သာပေါင်းမီးရှို့ပူဇော်ရန်အတွက် အထွတ်အမြတ်ထားရာနေရာတို့ကို တည်၏။ ဤသို့ဖြင့် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို အမျက်ထွက်စေ၏။
အခန်းကိုကြည့်ပါ။
သူသည်ယုဒပြည်မြို့ကြီးမြို့ငယ်ဟူသမျှ တွင် လူမျိုးခြားသားများ၏ဘုရားများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန် ရုပ်တုကိုးကွယ် ရာဌာနများကိုလည်းတည်ဆောက်၏။ ဤနည်း အားဖြင့်မိမိအပေါ်သို့ ဘိုးဘေးများ၏ ဘုရားသခင်ထာဝရဘုရား၏အမျက်တော် ကိုသက်ရောက်စေလေသည်။
အခန်းကိုကြည့်ပါ။
ယု ဒ ပြည် လုံး နှံ့ မြို့ ရွာ များ၌ လည်း၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘုရား အ မျက် တော် တိုက်၊ အ ခြား ဘုရား တို့ အား မီး ဖြင့် ဆက် ကပ် ရန်၊ မြင့် ရာ ဌာ န များ ကို စီ မံ လေ ၏။
အခန်းကိုကြည့်ပါ။
အခြားတစ်ပါးသောဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဖို့၊ ယုဒမြို့အသီးအသီးတို့၌ မြင့်သောအရပ်တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်လေ၏။
အခန်းကိုကြည့်ပါ။