သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
၂ ရာချုပ် 28:18 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဖိလိတ္တိလူမျိုးတို့သည်လည်း မြေနိမ့်ဒေသရှိမြို့ရွာများနှင့် ယုဒပြည်နေဂေ့အရပ်ကို ဝင်ရောက်တိုက်ခိုက်ပြီး ဗက်ရှေမက်မြို့၊ အာယလုန်မြို့၊ ဂေဒရုတ်မြို့၊ စောခေါမြို့နှင့်ဝန်းကျင်ရှိမြို့ရွာများ၊ တိမနတ်မြို့နှင့်ဝန်းကျင်မြို့ရွာများ၊ ဂိမဇောမြို့နှင့်ဝန်းကျင်မြို့ရွာများကို သိမ်းပိုက်ကာ ထိုနေရာတို့၌ နေထိုင်ကြ၏။ Common Language Bible ထိုအချိန်ကာလ၌ပင်ဖိလိတ္တိအမျိုးသား တို့သည် ယုဒပြည်တောင်ပိုင်းနှင့်အနောက် ဘက်ရှိတောင်ခြေရင်းမြို့များကိုတိုက်ခိုက် ကြ၏။ သူတို့သည်ဗက်ရှေမက်မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့၊ တိမနာမြို့၊ ဂိမဇောမြို့များနှင့်ကျေးရွာများကိုသိမ်း ယူပြီးလျှင် ထိုမြို့ရွာတို့တွင်အတည်တကျ နေထိုင်ကြလေသည်။- Judson Bible ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ရှိသော မြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍ နေရာချကြ၏။ |
သူသည် ဖိလိတ္တိလူမျိုးတို့ကို ဂါဇမြို့နှင့် နယ်နိမိတ်တစ်လျှောက်၊ ကင်းစောင့်မျှော်စင်မှ ခံတပ်မြို့အထိ ချေမှုန်းနိုင်ခဲ့၏။
ဇောရာမြို့၊ အာယလုန်မြို့၊ ဟေဗြုန်မြို့ စသောမြို့တို့ကို တည်ဆောက်ခဲ့၏။ ဤမြို့များသည် ယုဒနယ်၊ ဗင်္ယာမိန်နယ်တို့တွင်ရှိသော ခံတပ်မြို့များဖြစ်၏။
အရှေ့ဘက်မှ ဆီးရီးယားလူမျိုး၊ အနောက်ဘက်မှ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးကို အငမ်းမရဝါးမျိုကြလိမ့်မည်။ ဤအရာအလုံးစုံဖြစ်စေကာမူ အမျက်တော်မပြေ၊ လက်တော်သည် ဆန့်လျက်ရှိသေး၏။
ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။
ယခုမှာ ဆီးရီးယားသမီးပျိုနှင့် သူ့ဝန်းကျင်ရှိလူများ သင့်ကိုကဲ့ရဲ့သောအချိန်ရောက်လေပြီ။ သင့်ဝန်းကျင်ရှိ ဖိလိတ္တိသမီးပျိုများ သင့်ကိုမထီမဲ့မြင်ပြုသောအချိန်ရောက်လေပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ဖိလိတ္တိလူမျိုးတို့သည် ရှေးယခင်ကပင်အငြိုးထားလျက် မလိုတမာစိတ်ဖြင့် ရက်ရက်စက်စက်လက်တုံ့ပြန်လေပြီ’ဟု မိန့်တော်မူ၏။
တစ်ဖန် နယ်နိမိတ်သည် ဗာလာအရပ်မှ စိရတောင်ရှိရာအနောက်ဘက်သို့ကွေ့သွား၏။ ထိုမှ ခေသလုန် ခေါ် မြောက်ဘက်ယာရိမ်တောင်စောင်းတစ်လျှောက်ကိုဖြတ်၍ ဗက်ရှေမက်မြို့သို့ဆင်းလာပြီး တိမနတ်မြို့ကို ဖြတ်သွား၏။
ဂေဒရုတ်မြို့၊ ဗက်ဒါဂုန်မြို့၊ နေမမြို့၊ မက္ကဒါမြို့ စသည့်မြို့ပေါင်း တစ်ဆယ့်ခြောက်မြို့နှင့်ရွာများ ပါ၏။
ရှံဆုန်သည် တိမနတ်မြို့သို့ ဆင်းသွားရာ တိမနတ်မြို့၌ ဖိလိတ္တိမိန်းမပျိုများထဲမှ မိန်းကလေးတစ်ဦးကို တွေ့၏။
ယခုတစ်ဖန် ဖိလိတ္တိလူမျိုးတို့သည် စစ်တိုက်ရန် စစ်သည်တို့ကို စုစည်းကြ၏။ သူတို့သည် စောခေါမြို့တွင် စုဝေး၍ ယုဒပြည်၊ စောခေါမြို့နှင့် အဇေကာမြို့ကြားရှိဧဖက်ဒမိမ်အရပ်တွင် စခန်းချကြ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။