သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
၂ ရာချုပ် 28:13 - မြန်မာ့စံမီသမ္မာကျမ်း “စစ်သုံ့ပန်းတို့ကို ဤနေရာသို့ မခေါ်လာကြပါနှင့်။ ငါတို့သည် ထာဝရဘုရားကိုပြစ်မှား၍ ငါတို့၏အပြစ်ပေါ်အပြစ်ထပ်တင်ရန် သင်တို့ကြံရွယ်နေကြပါသည်တကား။ ငါတို့အပြစ်ကြီးမားလွန်းသောကြောင့် အစ္စရေးလူမျိုးကို အမျက်တော်ပြင်းထန်စွာထွက်လျက် ရှိ၏”ဟု ဆိုကြ၏။ Common Language Bible သူတို့က``သင်တို့၏သုံ့ပန်းများကိုဤမြို့ ထဲသို့မခေါ်ခဲ့ကြနှင့်။ ငါတို့အားအမျက် တော်ထွက်၍ဒဏ်ခတ်စေလောက်အောင်ပင် ထာဝရဘုရားကိုငါတို့ပြစ်မှားခဲ့လေပြီ။ ယခုသင်တို့သည်ငါတို့အပြစ်ကိုပိုမို ကြီးလာအောင်ပြုလိုကြသည်တကား'' ဟုဆိုကြ၏။- Garrad Bible ဒု စ ရိုက် များ ပြား သည့် အ လျောက် အ မျက် တော် ဒဏ် ခံ ထိုက် လျက် နေ ရ သော ဣ သ ရေ လ အ မျိုး ၌၊ ရှိ ရင်း အ ပြစ် ဒု စ ရိုက် အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား ရှေ့ ဒု စ ရိုက် အ သစ် ထပ် တင် ရန် အ ကြံ ရှိ ကြ သည် တ ကား ဟု မြစ် တား ကြ သည့် အ တိုင်း၊ လက် နက် ကိုင် သူ ရဲ တို့ သည်၊ Judson Bible သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်တကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊ |
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
ထိုအခါ ယေဟောဟနန်၏သားအာဇရိ၊ မေရှိလမုတ်၏သားဗေရခိ၊ ရှလ္လုံ၏သားဟေဇကိ၊ ဟာဒလဲ၏သားအာမသ စသည့်ဧဖရိမ်အမျိုးသားခေါင်းဆောင်အချို့တို့သည်ထ၍ စစ်ပွဲမှပြန်လာသူတို့အား မျက်နှာချင်းဆိုင်လျက်
ထို့ကြောင့် စစ်သည်တို့သည် သုံ့ပန်းများနှင့်တိုက်ရာပါပစ္စည်းများကို အကြီးအကဲများနှင့် လူထုတစ်ရပ်လုံးထံ အပ်နှံလိုက်ကြ၏။
မျိုးဆက်သစ်အပြစ်သားတို့၊ သင်တို့သည် သင်တို့ဖခင်များ၏နေရာကို ယူ၍ အစ္စရေးလူမျိုးတို့အပေါ် ထာဝရဘုရား၏ပြင်းထန်သောအမျက်တော်ကို ထပ်တိုးစေကြသည်တကား။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား