၂ ရာချုပ် 28:1 - မြန်မာ့စံမီသမ္မာကျမ်း အာခတ်နန်းတက်သောအခါ သက်တော်နှစ်ဆယ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ သူသည် သူ၏ဘိုးဘေးဒါဝိဒ်မင်းကြီးကဲ့သို့ မပြုကျင့်။ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာမပြုကျင့်ဘဲ Common Language Bible အာခတ်သည်အသက်နှစ်ဆယ်၌နန်းတက်၍ ယေရုရှလင်မြို့တွင်တစ်ဆယ့်ခြောက်နှစ်နန်း စံရလေသည်။ သူသည်ဘေးတော်ဒါဝိဒ်မင်း ၏ကောင်းသောစံနမူနာကိုမလိုက်ဘဲ ထာဝရဘုရားမနှစ်သက်သောအမှုတို့ ကိုပြု၍၊- Garrad Bible အာ ခတ် မင်း သည်၊ အိမ် နိမ့် နှစ် ဆယ် ရှိ သော်၊ နန်း တက်၍၊ ယေ ရု ရှ လင် မြို့၌၊ ဆယ့် ခြောက် နှစ် စိုး စံ ရာ၊ ဘေး တော် ဒါ ဝိဒ် မင်း ကဲ့ သို့၊ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ မ ပြု မ ကျင့် ဘဲ၊ Judson Bible အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု။ |
ယောရှဖတ်မင်းကြီးသည် ယခင်က ဘိုးဘေးဒါဝိဒ်မင်းကြီး လိုက်လျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်သောကြောင့် ထာဝရဘုရားသည် သူနှင့်အတူ ရှိတော်မူ၏။ သူသည် ဗာလဘုရားနောက်သို့မလိုက်၊
ယောသံမင်းကြီးသည် ထာဝရဘုရား၏ရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၍ ခမည်းတော်ဩဇိမင်းကြီးပြုကျင့်သမျှအတိုင်း ပြုကျင့်၏။ ထာဝရဘုရား၏ဗိမာန်တော်သို့လည်း မဝင်။ ပြည်သူပြည်သားတို့မူကား အကျင့်ပျက်ပြားလျက် ရှိသေး၏။
ယောသံမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာခတ်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
ဟေဇကိမင်းကြီးသည် မိမိဘိုးဘေးဒါဝိဒ်မင်းကြီးပြုကျင့်ခဲ့သမျှအတိုင်း ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာပြုကျင့်၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
ယုဒဘုရင် ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးတို့လက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် မောရရှက်မြို့သားမိက္ခာထံသို့ရောက်လာ၍ ရှမာရိမြို့၊ ဂျေရုဆလင်မြို့တို့နှင့်ပတ်သက်သောနိမိတ်အာရုံကို မြင်ရ၏။
ဩဇိသည် သားယောသံကိုရ၏။ ယောသံသည် သားအာခတ်ကိုရ၏။ အာခတ်သည် သားဟေဇကိကိုရ၏။