သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
၂ ရာချုပ် 26:23 - မြန်မာ့စံမီသမ္မာကျမ်း ဩဇိမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်သွားသောအခါ “သူသည် အနာကြီးရောဂါစွဲသောသူဖြစ်၏”ဟု ဆိုလျက် သူ့ကို ဘိုးဘေးတို့နှင့်အတူ ရှင်ဘုရင်တို့၏သင်္ချိုင်းမြေတွင်သာ သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယောသံသည် သူ့အရိုက်အရာကို ဆက်ခံ၏။ Common Language Bible သြဇိမင်းကွယ်လွန်သောအခါသူ့အား ဒါဝိဒ်မြို့တော်တွင်သင်္ဂြိုဟ်ကြသော်လည်း သူ၏ရောဂါကြောင့်ရာဇဂူ၌မသင်္ဂြိုဟ် ကြ။ သူ၏သားတော်ယောသံသည်ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်း တက်လေသည်။ Garrad Bible ဩ ဇိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော်၊ နူ နာ စွဲ သည် ဟု ဆို လျက်၊ သင်္ချိုင်း တော် မြေ တစ် ကွက် တွင် စျာ ပ န ပြု ကြ ရာ၊ သား တော် ယော သံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ၏။ Judson Bible ဩဇိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ လူနူဖြစ်သောကြောင့်၊ ရှင်ဘုရင်တို့ သင်္ချိုင်းနှင့်ဆိုင်သော မြေအကွက်၌သာ သင်္ဂြိုဟ်ကြ၏။ သားတော်ယောသံသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ |
သူသည် သက်တော်သုံးဆယ့်နှစ်နှစ်တွင် နန်းတက်၍ ဂျေရုဆလင်မြို့၌ ရှစ်နှစ်စိုးစံ၏။ သူအနိစ္စရောက်သောအခါ မည်သူမျှဝမ်းမနည်း။ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်တို့သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။
ဩဇိမင်းကြီးနှင့်မျက်နှာချင်းဆိုင်လျက် “အရှင်ဩဇိမင်းကြီး၊ ထာဝရဘုရားထံ နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှုသည် အရှင်မင်းကြီးနှင့်မဆိုင်ပါ။ နံ့သာပေါင်းမီးရှို့ပူဇော်ရန် ခန့်အပ်ခြင်းခံရသောအာရုန်နှင့်သူ၏သားစဉ်မြေးဆက်တို့နှင့်သာဆိုင်ပါ၏။ သန့်ရှင်းရာဌာနထဲမှထွက်သွားပါ။ မင်းကြီးသည် သစ္စာမဲ့စွာပြုမိပြီဖြစ်၍ မင်းကြီး၌ ဘုရားသခင်ထာဝရဘုရားထံမှ ဘုန်းအသရေမရှိတော့ပေ”ဟု ဆိုလျှင်
ယောသံနန်းတက်သောအခါ သက်တော်နှစ်ဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် တစ်ဆယ့်ခြောက်နှစ်စိုးစံ၏။ မယ်တော်ကား ဇာဒုတ်၏သမီး ယေရုရှာအမည်ရှိ၏။
အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
မနာရှေမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို သူ့နန်းတော်တွင် သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမုန်သည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။