၂ ရာချုပ် 28:27 - မြန်မာ့စံမီသမ္မာကျမ်း27 အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။ အခန်းကိုကြည့်ပါ။Common Language Bible27 အာခတ်ကွယ်လွန်သောအခါသူ၏အလောင်း ကို ယေရုရှလင်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်များ၏သင်္ချိုင်းတော်တွင်မသင်္ဂြိုဟ်ကြ။ သူ၏သားတော်ဟေဇကိသည်ခမည်းတော် ၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible27 ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော အာ ခတ် မင်း ကို၊ သင်္ချိုင်း တော်၌ စျာ ပ န မ ပြု ဘဲ၊ ယေ ရု ရှ လင် မြို့ တွင် ပြု ကြ လျှင်၊ သား တော် ဟေ ဇ ကိ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ အခန်းကိုကြည့်ပါ။ |
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။