Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 26:23 - Common Language Bible

23 သြ​ဇိ​မင်း​ကွယ်​လွန်​သော​အ​ခါ​သူ့​အား ဒါ​ဝိဒ်​မြို့​တော်​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း သူ​၏​ရော​ဂါ​ကြောင့်​ရာ​ဇ​ဂူ​၌​မ​သင်္ဂြိုဟ် ကြ။ သူ​၏​သား​တော်​ယောသံ​သည်​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း တက်​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ဩ ဇိ မင်း သည်၊ ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် သော်၊ နူ နာ စွဲ သည် ဟု ဆို လျက်၊ သင်္ချိုင်း တော် မြေ တစ် ကွက် တွင် စျာ ပ န ပြု ကြ ရာ၊ သား တော် ယော သံ သည်၊ အ ရိုက် အ ရာ၌ နန်း စံ လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ဩ​ဇိ​သည် ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍၊ သူ​တို့​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ လူ​နူ​ဖြစ်​သော​ကြောင့်၊ ရှင်​ဘု​ရင်​တို့ သင်္ချိုင်း​နှင့်​ဆိုင်​သော မြေ​အ​ကွက်၌​သာ သင်္ဂြိုဟ်​ကြ၏။ သား​တော်​ယော​သံ​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ဩဇိ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​သွား​သောအခါ “သူ​သည် အနာကြီးရောဂါစွဲ​သော​သူ​ဖြစ်​၏”​ဟု ဆို​လျက် သူ့​ကို ဘိုးဘေး​တို့​နှင့်အတူ ရှင်ဘုရင်​တို့​၏​သင်္ချိုင်း​မြေ​တွင်​သာ သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယောသံ​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 26:23
7 ပူးပေါင်းရင်းမြစ်များ  

အာ​ခတ်​ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​လောင်း ကို ယေ​ရု​ရှ​လင်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​မ​သင်္ဂြိုဟ်​ကြ။ သူ​၏​သား​တော်​ဟေ​ဇ​ကိ​သည်​ခ​မည်း​တော် ၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက် လေ​သည်။


သူ​သည်​သက်​တော်​သုံး​ဆယ့်​နှစ်​နှစ်​၌​နန်း တက်​၍​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှစ်​နှစ်​နန်း​စံ တော်​မူ​၏။ ကွယ်​လွန်​သော​အ​ခါ​သူ​၏​အ​တွက် အ​ဘယ်​သူ​မျှ​ဝမ်း​မ​နည်း​ကြ။ သူ့​အ​လောင်း ကို​ဒါ​ဝိဒ်​မြို့​တွင်​သင်္ဂြိုဟ်​ကြ​သော်​လည်း ဘု​ရင်​တို့​၏​သင်္ချိုင်း​တွင်​မ​သင်္ဂြိုဟ်​ကြ။


သြ​ဇိ​မင်း​နတ်​ရွာ​စံ​သော​နှစ်​၌​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး​မြင်​ရ​၏။ ကိုယ်​တော်​သည်​မြင့်​မြတ်​သည့်​ပလ္လင်​တော်​ပေါ်​တွင်​ထိုင်​လျက်​နေ​တော်​မူ​၏။ ဗိ​မာန်​တော်​တစ်​ခု​လုံး​သည်​လည်း​ကိုယ်​တော်​၏​ဝတ်​ရုံ​တော်​နှင့်​ပြည့်​၍​နေ​၏။-


မ​နာ​ရှေ​ကွယ်​လွန်​သော​အ​ခါ​သူ့​အား​နန်း တော်​ထဲ​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​နောက်​သား​တော် အာ​မုန်​သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။


တား​ဆီး​ရန်​လိုက်​သွား​ပြီး​လျှင်``အို သြ​ဇိ​မင်း၊ ဘု​ရင်​မင်း​သည်​ထာ​ဝရ​ဘု​ရား​အား​နံ့​သာ​ပေါင်း ကို​မီး​ရှို့​ပူ​ဇော်​ခွင့်​ရှိ​သူ​မ​ဟုတ်​ပါ။ ဤ​အ​မှု ကို​ပြု​ရန်​ဆက်​ကပ်​ပူ​ဇော်​ထား​သူ​များ​မှာ အာ​ရုန် မှ​ဆင်း​သက်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​သာ လျှင်​ဖြစ်​ပါ​၏။ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​မှ ထွက်​ခွာ​သွား​ပါ​လော့။ ဘု​ရင်​မင်း​သည်​ထာ​ဝ​ရ အ​ရှင်​ဘု​ရား​သ​ခင်​အား​ပြစ်​မှား​လေ​ပြီ။ ထို ကြောင့်​ကိုယ်​တော်​သည်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​ကို​မ​ခံ​ရ​တော့​ပါ'' ဟု ဆို​၏။


ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ