ဒမတ်စကပ်မြို့မှရှင်ဘုရင်ပြန်ရောက်လာ၍ ရှင်ဘုရင်သည် ယဇ်ပလ္လင်ကိုမြင်လျှင် ထိုယဇ်ပလ္လင်နားသို့လာ၍ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး
၂ ရာချုပ် 26:19 - မြန်မာ့စံမီသမ္မာကျမ်း နံ့သာပေါင်းမီးရှို့ပူဇော်ရန်လင်ပန်းကို ကိုင်ထားသောဩဇိမင်းကြီးသည် အမျက်ထွက်လေ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်နေစဉ် ထာဝရဘုရား၏အိမ်တော်အတွင်း နံ့သာပေါင်းယဇ်ပလ္လင်အနီး ယဇ်ပုရောဟိတ်တို့ရှေ့တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါ ရုတ်တရက်ပေါ်လာလေ၏။ Common Language Bible သြဇိသည်နံ့သာပေါင်းကိုရှို့ရန်မီးကျီးခဲ ကိုကိုင်၍ ဗိမာန်တော်တွင်နံ့သာပေါင်းမီးရှို့ ရာပလ္လင်အနီး၌ရပ်လျက်နေ၏။ သူသည် ယဇ်ပုရောဟိတ်တို့အားအမျက်ထွက်လာ သည်နှင့်တစ်ပြိုင်နက် သူ၏နဖူးသည်ကြောက် မက်ဖွယ်ကောင်းသောအရေပြားရောဂါ စွဲကပ်လေသည်။- Garrad Bible နံ့ သာ ပေါင်း တင် ရှို့ ရန် မီး ကျီး ခံ ကိုင် လျက် နေ သော ဩ ဇိ မင်း သည်၊ ပ ရော ဟိတ် တို့ ကို အ မျက် ထား လျှင် ထား ချင်း၊ ဗိ မာန် တော် တွင်၊ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် အ နီး၊ ပ ရော ဟိတ် တို့ ရှေ့ မှောက်၌ ပင်၊ ဘု ရင် မင်း န ဖူး မှာ သ ဖန်း သီး ပေါ် လေ ၏။ Judson Bible ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။ |
ဒမတ်စကပ်မြို့မှရှင်ဘုရင်ပြန်ရောက်လာ၍ ရှင်ဘုရင်သည် ယဇ်ပလ္လင်ကိုမြင်လျှင် ထိုယဇ်ပလ္လင်နားသို့လာ၍ ယဇ်ပလ္လင်ပေါ်သို့ တက်သွားပြီး
ထိုသို့ဆင့်ဆိုသောကြောင့် အာသမင်းကြီးသည် စိတ်အာရုံရသူကို အမျက်ထွက်လေ၏။ အမျက်ပြင်းစွာထွက်၍ သူ့ကို ထောင်ထဲ၌ထည့်ထားလေ၏။ ပြည်သားအချို့တို့ကိုလည်း ထိုအချိန်မှစ၍ အာသမင်းကြီးသည် ညှဉ်းဆဲလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ယဇ်ပုရောဟိတ်မင်းအာဇရိနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် သူ့ကိုကြည့်နေစဉ်တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါစွဲနေသည်ကိုမြင်လျှင် သူ့ကို ထိုနေရာမှချက်ချင်းနှင်ထုတ်လိုက်၏။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် ဩဇိမင်းကြီးလည်း ချက်ချင်းထွက်သွားလေ၏။
ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ အရေပြားပေါ်၌ ဖြူသောအဖုအပိမ့်ရှိနေလျှင်လည်းကောင်း၊ အမွေးသည် ဖြူသွားလျှင်လည်းကောင်း၊ အဖုအပိမ့်ထဲတွင် အသားစိုနေလျှင်လည်းကောင်း
မိုးတိမ်သည် တဲတော်အပေါ်မှ ကွာသွားသည်နှင့် မိရိအံသည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြူလေ၏။ အာရုန်သည် မိရိအံကိုလှည့်ကြည့်သောအခါ အနာကြီးရောဂါစွဲနေသည်ကို မြင်လျှင်