၂ ရာချုပ် 26:20 - မြန်မာ့စံမီသမ္မာကျမ်း20 ယဇ်ပုရောဟိတ်မင်းအာဇရိနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် သူ့ကိုကြည့်နေစဉ်တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါစွဲနေသည်ကိုမြင်လျှင် သူ့ကို ထိုနေရာမှချက်ချင်းနှင်ထုတ်လိုက်၏။ ထာဝရဘုရား ဒဏ်ခတ်တော်မူသဖြင့် ဩဇိမင်းကြီးလည်း ချက်ချင်းထွက်သွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 အာဇရိနှင့်အခြားယဇ်ပုရောဟိတ်တို့သည် ကြောက်ရွံ့သည့်အမူအရာဖြင့် မင်းကြီးနဖူး ကိုစိုက်၍ကြည့်ပြီးလျှင်သူ့အားဗိမာန်တော် မှနှင်ထုတ်ကြ၏။ မင်းကြီးသည်လည်းမိမိ အားဘုရားသခင်ဒဏ်ခတ်တော်မူပြီဖြစ် ကြောင်းကိုသိ၍ အဆောတလျင်ထွက်ခွာ သွားတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 ပ ရော ဟိတ် မင်း အာ ဇ ရိ မှ စ ၍ ပ ရော ဟိတ် အ ပေါင်း တို့ သည်၊ န ဖူး တော် တွင် သ ဖန်း သီး ပေါ် သည် ကို မြင် သော်၊ အ ဆော တ လျင် ထွက် စေ ကြ ၏။ ဘု ရင် မင်း လည်း၊ ထာ ဝ ရ ဘု ရား ဒဏ် ခတ် တော် မူ သည် ကို သိ၍၊ အ မြန် ထွက် ကြွ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ်အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည်ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင်ကိုယ်တိုင်လည်း၊ ထာဝရဘုရား ဒဏ်ခတ်တော်မူသောကြောင့်၊ အလျင်အမြန်ထွက်လေ၏။ အခန်းကိုကြည့်ပါ။ |