၂ ရာချုပ် 26:19 - Common Language Bible19 သြဇိသည်နံ့သာပေါင်းကိုရှို့ရန်မီးကျီးခဲ ကိုကိုင်၍ ဗိမာန်တော်တွင်နံ့သာပေါင်းမီးရှို့ ရာပလ္လင်အနီး၌ရပ်လျက်နေ၏။ သူသည် ယဇ်ပုရောဟိတ်တို့အားအမျက်ထွက်လာ သည်နှင့်တစ်ပြိုင်နက် သူ၏နဖူးသည်ကြောက် မက်ဖွယ်ကောင်းသောအရေပြားရောဂါ စွဲကပ်လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible19 နံ့ သာ ပေါင်း တင် ရှို့ ရန် မီး ကျီး ခံ ကိုင် လျက် နေ သော ဩ ဇိ မင်း သည်၊ ပ ရော ဟိတ် တို့ ကို အ မျက် ထား လျှင် ထား ချင်း၊ ဗိ မာန် တော် တွင်၊ နံ့ သာ ပေါင်း တင် ရှို့ ရာ ပ လ္လင် တော့် အ နီး၊ ပ ရော ဟိတ် တို့ ရှေ့ မှောက်၌ ပင်၊ ဘု ရင် မင်း န ဖူး မှာ သ ဖန်း သီး ပေါ် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 ဩဇိမင်းသည် ဒေါသစိတ်ရှိ၍၊ နံ့သာပေါင်းကို မီးရှို့ခြင်းငှာ၊ လင်ပန်းကိုကိုင်လျက်၊ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်လျှင်၊ ဗိမာန်တော်တွင် နံ့သာပေါင်းကို မီးရှို့ရာယဇ်ပလ္လင်၏အနား၊ ယဇ်ပုရောဟိတ်တို့ရှေ့မှာ၊ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 နံ့သာပေါင်းမီးရှို့ပူဇော်ရန်လင်ပန်းကို ကိုင်ထားသောဩဇိမင်းကြီးသည် အမျက်ထွက်လေ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့ကို အမျက်ထွက်နေစဉ် ထာဝရဘုရား၏အိမ်တော်အတွင်း နံ့သာပေါင်းယဇ်ပလ္လင်အနီး ယဇ်ပုရောဟိတ်တို့ရှေ့တွင်ပင် သူ့နဖူး၌ အနာကြီးရောဂါ ရုတ်တရက်ပေါ်လာလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါအာမဇိက``ဘယ်အခါကသင့်အား ဘုရင့်အတိုင်ပင်ခံအမတ်အဖြစ်ခန့်ထားခဲ့ ပါသနည်း။ သင်သည်ဆိတ်ဆိတ်မနေပါမူ အသတ်ခံရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ပရောဖက်ကလည်း``မင်းကြီးသည်ဤအမှု တို့ကိုပြု၍ငါပေးသည့်အကြံကိုလျစ်လူ ရှုသဖြင့် ဘုရားသခင်သည်မင်းကြီးကို သုတ်သင်ဖျက်ဆီးရန်ကြံရွယ်တော်မူ ကြောင်းယခုငါသိရပြီ'' ဟုဆိုပြီးလျှင် ဆိတ်ဆိတ်နေလေ၏။