ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။
၂ ရာချုပ် 25:27 - မြန်မာ့စံမီသမ္မာကျမ်း အာမဇိမင်းကြီးသည် ထာဝရဘုရားကိုကျောခိုင်းသွားပြီးနောက် ဂျေရုဆလင်မြို့တွင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိ လူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကို ကွပ်မျက်ကြ၏။ Common Language Bible ထာဝရဘုရားအားအာမဇိပုန်ကန်ချိန်မှ အစပြု၍ သူ့အားလုပ်ကြံရန်ယေရုရှလင် မြို့တွင်လျှို့ဝှက်ကြံစည်မှုရှိခဲ့၏။ နောက်ဆုံး ၌သူသည်လာခိရှမြို့သို့ထွက်ပြေးလေသည်။ သို့ရာတွင်သူ၏ရန်သူများသည်ထိုမြို့သို့ လိုက်၍သူ့ကိုလုပ်ကြံကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား နောက် တော် သို့ မ လိုက် ဘဲ ပြန် ဆုတ် က တည်း က၊ ယ ရု ရှ လင် မြို့၌ အ တွင်း မီး ထ ကြ သည့် အ တွက်၊ အာ မ ဇိ မင်း ပြေး ခို ရာ၊ လာ ခိ ရှ မြို့ သို့ စေ လွှတ် လုပ် ကြံ ပြီး မှ၊ Judson Bible အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှ လွှဲသွားသောနောက်၊ သူ၏တစ်ဖက်၊ ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊ |
ဂျေရုဆလင်မြို့တွင် အာမဇိမင်းကြီးကို လုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိလူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကိုကွပ်မျက်ကြ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ထို့နောက် အာခဇိမင်းကြီးကို လိုက်ရှာရာ ရှမာရိမြို့၌ပုန်းနေစဉ် သူ့ကိုဖမ်းမိ၍ ယေဟုထံ ခေါ်ဆောင်လာရာ ယေဟုသည် သူ့ကိုကွပ်မျက်ပြီးလျှင် “သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာသော ယောရှဖတ်မင်းကြီး၏မြေးတော်ဖြစ်သည်”ဟု ဆို၍ သူ့ကိုသင်္ဂြိုဟ်ပေးကြ၏။ အာခဇိမင်းကြီး၏အမျိုးအနွယ်တို့တွင် တိုင်းပြည်အုပ်ချုပ်နိုင်စွမ်းရှိသူ တစ်ယောက်မျှမရှိ။
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
ကျန်ရှိနေသော အာမဇိမင်းကြီးလက်ထက် အဖြစ်အပျက်အစအဆုံးကို ယုဒဘုရင်များ၊ အစ္စရေးဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏။
သူ့အလောင်းကို မြင်းဖြင့် ပြန်သယ်လာပြီး ယုဒမြို့တွင် ဘိုးဘေးတို့နှင့်အတူသင်္ဂြိုဟ်ကြ၏။
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး သူ့ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် လိဗနမြို့မှ လာခိရှမြို့သို့ ချီတက်ပြီး ထိုမြို့အနီး၌ စခန်းချကာ ထိုမြို့ကို တိုက်ခိုက်လေ၏။
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား