ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
၂ ရာချုပ် 25:15 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ထာဝရဘုရားသည် အာမဇိမင်းကြီးကို အမျက်ထွက်တော်မူ၍ သူ့ထံပရောဖက်တစ်ပါးကို စေလွှတ်ကာ “မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်တင်နိုင်သောလူမျိုးခြားတို့၏ဘုရားများကို အဘယ်ကြောင့် ဆည်းကပ်သနည်း”ဟု ဆို၏။ Common Language Bible သို့ဖြစ်၍ထာဝရဘုရားသည်အမျက်ထွက် တော်မူ၍ ပရောဖက်ကိုအာမဇိထံစေလွှတ် တော်မူ၏။ ပရောဖက်က``မင်းကြီး၏လက်မှ မိမိလူတို့ကိုမကယ်နိုင်သောလူမျိုးခြား ဘုရားတို့ကို မင်းကြီးသည်အဘယ်ကြောင့် ဝတ်ပြုရှိခိုးပါသနည်း'' ဟုမေး၏။ Garrad Bible အာ မ ဇိ မင်း အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား အ မျက် တော် ထား ၍၊ ပ ရော ဖက် ကို စေ လွှတ် ဆင့် ဆို သည် မှာ၊ ဘုရင် မင်း၏ လက် တွင်း မှ ကိုယ့် လူ မျိုး ကို ပင် မ ကယ် ဆယ် နိုင် သော၊ လူ မျိုး ခြား တို့ ဘု ရား များ ကို၊ အ ဘယ့် ကြောင့် ရှာ ဖွေ သ နည်း ဟု ဆင့် ဆို လျှင်၊ သင် သည် မင်း တိုင် ပင် လော။ တိတ် လော့။ Judson Bible ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တစ်ပါးအမျိုးသားဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊ |
ထိုအခါ ဟာနနိ၏သား ဗျာဒိတ်ရသူယေဟုသည် ယောရှဖတ်မင်းကြီးထံအခစားဝင်၍ “ဆိုးယုတ်သောသူကို ကူညီသင့်သလော။ ထာဝရဘုရား မုန်းတော်မူသောသူကို သင်ချစ်သောကြောင့် ထာဝရဘုရားထံမှ အမျက်တော်သည် သင့်အပေါ် ကျရောက်လေပြီ။
ထိုအခါ မရေရှမြို့မှ ဒေါဒေဝ၏သားဧလျေဇာက ယောရှဖတ်မင်းကြီးအား “အရှင်မင်းကြီးသည် အာခဇိမင်းကြီးနှင့် မဟာမိတ်ဖွဲ့သောကြောင့် အရှင်မင်းကြီး၏လုပ်ငန်းများကို ထာဝရဘုရားဖျက်ဆီးပစ်လိမ့်မည်”ဟု ပရောဖက်ပြုဆင့်ဆို၏။ ထို့ကြောင့် သူတို့၏သင်္ဘောများပျက်စီးပြီး တာရှုမြို့သို့လည်း ကုန်ကူးမသွားနိုင်တော့ချေ။
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
ထိုစဉ်က ဘုရားသခင်၏ဝိညာဉ်တော်သည် ယဇ်ပုရောဟိတ်ယောယဒ၏သားဇာခရိထံသက်ရောက်သဖြင့် သူသည် လူတို့ရှေ့တွင်ရပ်ပြီး “ဘုရားသခင်က ‘သင်တို့ အဘယ်ကြောင့် ထာဝရဘုရား၏ပညတ်တော်များကို ချိုးဖောက်ကြသနည်း။ သင်တို့အောင်မြင်ကြီးပွားမည်မဟုတ်။ သင်တို့သည် ထာဝရဘုရားကို စွန့်ပယ်သည်ဖြစ်၍ ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပယ်ပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
သို့သော် ဘုရားသခင်၏လူတစ်ယောက်က ရှင်ဘုရင်ထံရောက်လာ၍ “အရှင်မင်းကြီး၊ ထာဝရဘုရားသည် အစ္စရေးလူမျိုးနှင့်အတူရှိတော်မမူ။ ဧဖရိမ်အမျိုးသားတစ်ယောက်နှင့်မျှ အတူရှိတော်မမူ။ ထို့ကြောင့် အစ္စရေးစစ်တပ်ကို မင်းကြီးနှင့်အတူ မချီတက်စေပါနှင့်။
ရှမာရိမြို့၌ ဩဒက်အမည်ရှိသောထာဝရဘုရား၏ပရောဖက်တစ်ပါး ရှိ၏။ သူသည် ရှမာရိမြို့သို့ပြန်လာသောစစ်သည်ဗိုလ်ခြေတို့ကို ထွက်ကြိုပြီး “သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် ယုဒအမျိုးကို အမျက်ထွက်၍ သူတို့ကို သင်တို့၏လက်သို့အပ်တော်မူသည်ကို သင်တို့သည် မိုးထိအောင်အမျက်ထွက်၍ သူတို့ကိုသတ်ဖြတ်လေပြီ။
အကယ်စင်စစ် လူမျိုးခြားတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကား ကောင်းကင်ကိုဖန်ဆင်းတော်မူ၏။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
အစ္စရေးအမျိုးအနွယ်သည် သူတို့ကိုးစားသော ဗေသလဘုရားကြောင့် အရှက်ကွဲခဲ့ကြရသကဲ့သို့ မောဘပြည်သားတို့သည်လည်း ခေမုရှဘုရားကြောင့် အရှက်ကွဲကြရလိမ့်မည်။
ထိုသို့မဆိုလို။ သူတို့ပူဇော်သောအရာများသည် ဘုရားသခင်ထံပူဇော်ခြင်းမဟုတ်ဘဲ နတ်ဆိုးများထံပူဇော်ကြခြင်းဖြစ်၏။ ငါသည် သင်တို့ကို နတ်ဆိုးတို့နှင့် စပ်ဆိုင်သောသူမဖြစ်စေလိုပါ။
ထို့ကြောင့် ရုပ်တုအားပူဇော်ထားသောအရာများကို စားသောက်ခြင်းနှင့်ပတ်သက်၍ ရုပ်တုသည် ဤလောက၌ ဘာမျှမဟုတ်ကြောင်းနှင့် တစ်ဆူတည်းသောဘုရားသခင်မှတစ်ပါး မည်သည့်ဘုရားမျှမရှိကြောင်း ငါတို့သိကြ၏။
မိက္ခာက “သင်တို့သည် ငါထုလုပ်သောဘုရားများနှင့် ယဇ်ပုရောဟိတ်ကို ခေါ်ဆောင်သွားကြပြီ။ ငါ၌ ဘာကျန်သေးသနည်း။ သို့ပါလျက်နှင့် ငါ့အား ‘သင် ဘာဖြစ်နေသနည်း’ဟူ၍ အဘယ်ကြောင့်မေးရသနည်း”ဟု ပြန်ပြောလေ၏။
သင်တို့သည် ဤပြည်သားတို့နှင့်ပဋိညာဉ်မဖွဲ့ရ။ သူတို့၏ယဇ်ပလ္လင်များကိုဖြိုဖျက်ရမည်’ဟု ငါဆိုခဲ့၏။ သို့သော် သင်တို့သည် ငါ့စကားကိုနားမထောင်ကြ၊ အဘယ်ကြောင့် ထိုသို့ ပြုကြသနည်း။