ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
၂ ရာချုပ် 24:23 - မြန်မာ့စံမီသမ္မာကျမ်း နှစ်လည်သောအခါ ဆီးရီးယားတပ်သည် ယောရှမင်းကြီးကိုတိုက်ခိုက်ရန် စစ်ချီလာ၏။ သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့သို့ ဝင်ရောက်၍ ပြည်သူပြည်သားတို့၏အကြီးအကဲများအားလုံးကို သတ်ပြီး တိုက်ရာပါပစ္စည်းအားလုံးကို ဒမတ်စကပ်ဘုရင်ထံ ပေးပို့ဆက်သကြ၏။ Common Language Bible ထိုနှစ်ဆောင်းဦးပေါက်၌ရှုရိတပ်မတော် သည်ယုဒပြည်နှင့်ယေရုရှလင်မြို့သို့ချီ တက်တိုက်ခိုက်၍ ခေါင်းဆောင်အပေါင်းကို သတ်ပြီးလျှင်လက်ရပစ္စည်းအမြောက်အမြား ကိုဒမာသက်မြို့သို့ယူဆောင်သွား၏။- Garrad Bible နှစ် လည် သော အ ခါ၊ ရှု ရိ အ လုံး အ ရင်း တို့ သည်၊ ယု ဒ ပြည် ယေ ရု ရှ လင် မြို့ သို့ ချီ တက် ဝင် ရောက်၍၊ မှူး တော် မတ် တော် အ ပေါင်း တို့ ကို သုတ် သင် လျက်၊ လက် ရ ဥ စ္စာ ဟူ သ မျှ ကို ဒ မာ သက် မြို့ ရှိ ဘု ရင် မင်း ထံ ပို့ ဆက် ကြ၏။ Judson Bible ထိုနှစ်အဆုံး၌၊ ရှုရိတပ်သားတို့သည် စစ်ချီ၍ လာကြသဖြင့်၊ ယုဒပြည် ယေရုရှလင်မြို့သို့ ရောက်မှ၊ မှူးမတ်အရာရှိအပေါင်းတို့ကို သုတ်သင်ပယ်ရှင်း၍၊ လက်ရဥစ္စာရှိသမျှတို့ကို ဒမာသက်ရှင်ဘုရင်ထံသို့ ပေးလိုက်ကြ၏။ |
ဒါဝိဒ်မင်းကြီးသည် ဇောဘဘုရင်ဟာဒဒေဇာမင်းကြီးကို စစ်ကူလာသော ဒမတ်စကပ်မြို့သား ဆီးရီးယားလူမျိုးတို့ထဲမှ ဆီးရီးယားလူမျိုး နှစ်သောင်းနှစ်ထောင်ကိုသုတ်သင်ပစ်ပြီး
ထိုအခါ ပရောဖက်သည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်သည် နှစ်ဦးပိုင်းတွင် သင့်ကို ပြန်လာတိုက်လိမ့်ဦးမည်။ သင်သွား၍ စစ်အင်အားဖြည့်လော့။ သင်မည်သို့ပြုရမည်ကို ဆင်ခြင်သတိပြုလော့”ဟု သူ့အား ဆင့်ဆို၏။
ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။