၃ ရာ 20:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထိုအခါ ပရောဖက်သည် အစ္စရေးဘုရင်ထံရောက်လာ၍ “ဆီးရီးယားဘုရင်သည် နှစ်ဦးပိုင်းတွင် သင့်ကို ပြန်လာတိုက်လိမ့်ဦးမည်။ သင်သွား၍ စစ်အင်အားဖြည့်လော့။ သင်မည်သို့ပြုရမည်ကို ဆင်ခြင်သတိပြုလော့”ဟု သူ့အား ဆင့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ထိုအခါပရောဖက်သည်အာဟပ်မင်းထံ သို့သွား၍``ရှုရိဘုရင်သည်လာမည့်နွေဦး ပေါက်တွင်တစ်ဖန်ချီလာဦးမည်ဖြစ်သဖြင့် သင်သည်ပြန်၍မိမိ၏တပ်မတော်ကိုအင် အားပြည့်စေရန်သတိနှင့်စီမံလော့'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ဣ သ ရေ လ ဘု ရင့် ထံ ချဉ်း ကပ် ပြီး လျှင် နှစ် ဦး သ မ ယ တိုင် ရောက် သော အ ခါ စစ် တိုက် ရာ ရှု ရိ ဘု ရင် ချီ လာ ဦး မည် ဖြစ် ၍ ခိုင် လုံ အောင် သ တိ နှင့် စီ မံ လော့ ဟု နှိုး ဆော် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 တစ်ဖန် ပရောဖက်သည် ဣသရေလရှင်ဘုရင်ထံသို့လာ၍၊ ကိုယ်ကိုခိုင်ခံ့စေလော့။ အဘယ်သို့ပြုရမည်ကို သတိနှင့်ဆင်ခြင်လော့။ နှစ်လည်သောအခါ ရှုရိရှင်ဘုရင်သည် စစ်ချီ၍လာလေဦးမည်ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့ စစ်ထွက်တိုက်ချိန်ရောက်သောအခါ ဒါဝိဒ်မင်းကြီးသည် ယွာဘနှင့်တပ်မှူးများအပါအဝင် အစ္စရေးစစ်သည်အပေါင်းတို့ကို စစ်ထွက်တိုက်စေ၏။ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း ဝိုင်းထားလိုက်ကြ၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့စစ်ထွက်တိုက်ချိန်ရောက်သောအခါ ယွာဘသည် စစ်သည်အလုံးအရင်းကို ဦးဆောင်လျက် အမ္မုန်အမျိုးသားတို့၏ပြည်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း သွားရောက်ဝိုင်းရံထား၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ခိုက်အောင်နိုင်လေ၏။
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။