ထိုအခါ သူတို့သည် ဇာခရိကိုသတ်ရန် လျှို့ဝှက်ကြံစည်ကြ၏။ ရှင်ဘုရင်၏အမိန့်တော်ဖြင့် ထာဝရဘုရား၏အိမ်တော်ဝင်းအတွင်းတွင်ပင် သူ့ကို ကျောက်ခဲနှင့်ပေါက်သတ်ကြ၏။
ယောရှမင်းသည်ဇာခရိအားမကောင်းကြံ မှုတွင်ပါဝင်လျက် သူ၏အမိန့်အရပြည်သူ တို့သည်ဇာခရိအားဗိမာန်တော်တံတိုင်း အတွင်း၌ခဲနှင့်ပစ်သတ်ကြ၏။
လူ ပ ရိ သတ် တို့ သည် သင်း ဖွဲ့ လျက်၊ ဗိ မာန် တော် တံ တိုင်း အ တွင်း၊ ဘု ရင် မင်း အ မိန့် တော် အ ရ၊ ခဲ နှင့် ပစ် သတ် ကြ ၍၊
လူများတို့သည် သူ့ကို မကောင်းသောအကြံနှင့် တိုင်ပင်၍၊ ရှင်ဘုရင်အမိန့်တော်နှင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်၍ သတ်ကြ၏။
ထိုအခါ လူမိုက်နှစ်ဦးက သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်၍ “နာဗုတ်သည် ဘုရားသခင်နှင့်ရှင်ဘုရင်ကို ကျိန်ဆဲပါပြီ”ဟု လူတို့ရှေ့တွင် သက်သေခံကြ၏။ ထို့နောက် သူ့ကို မြို့ပြင်သို့ဆွဲထုတ်ပြီး ကျောက်ခဲနှင့်ပေါက်ကြသဖြင့် သူသေလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
သူတို့သည် ဖြောင့်မတ်သောသူ၏အသက်ကို ရန်ရှာရန်စုဝေး၍ အပြစ်ကင်းသောသူကို သေဒဏ်စီရင်ကြပါ၏။
ငါသည် သတ်ရန်ခေါ်ဆောင်သွားသည့် နူးညံ့သောသိုးသငယ်ကဲ့သို့ဖြစ်၏။ “သူ၏အပင်ကို အသီးနှင့်တကွ ဖျက်ဆီးကြကုန်စို့။ သူ၏အမည်ကို နောက်ထပ်အမှတ်မရစေရန် လူ့လောကမှ သူ့ကိုဖယ်ရှားကြကုန်စို့”ဟု ဆိုလျက် ငါ့ကို လျှို့ဝှက်ကြံစည်နေကြသည်ကို ငါမသိခဲ့ပေ။
လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ယောယကိမ်မင်းကြီးနှင့် မှူးမတ်စစ်သူရဲအပေါင်းတို့သည် သူဟောပြောသောစကားများကို ကြားကြ၏။ ထိုအခါ ရှင်ဘုရင်သည် သူ့ကိုသတ်ရန်ရှာကြံလေ၏။ ထိုသတင်းကို ဥရိယကြားသောအခါ ကြောက်ရွံ့၍ အီဂျစ်ပြည်သို့ထွက်ပြေးသွား၏။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
ထိုအခါ ခြံသမားတို့သည် ထိုသူ၏အစေအပါးတို့ကိုဖမ်းဆီး၍ တစ်ဦးကိုရိုက်နှက်ကာ အခြားတစ်ဦးကိုသတ်ဖြတ်လျက် တစ်ဦးကိုမူ ခဲနှင့်ပေါက်သတ်ကြ၏။
မှန်ပေ၏။ ဤမျိုးဆက်ထံမှ ထိုသွေးကြွေးကိုတောင်းယူလိမ့်မည်ဟု ငါဆို၏။
သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံရကြ၍ ဆင်းရဲနွမ်းပါးလျက်၊ နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက်၊ သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။