ရာတပ်မှူးတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ သူတို့အသီးသီးသည် ဥပုသ်နေ့တွင် တာဝန်ကျသောကိုယ့်လူနှင့် တာဝန်မကျသောကိုယ့်လူတို့ကိုခေါ်၍ ယဇ်ပုရောဟိတ်ယောယဒထံသို့ လာကြ၏။
၂ ရာချုပ် 23:8 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးနှင့် ယုဒလူမျိုးအပေါင်းတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ ယဇ်ပုရောဟိတ်ယောယဒက အလှည့်ကျအဖွဲ့များကို ပြန်မလွှတ်ပေးသောကြောင့် အဖွဲ့ခေါင်းဆောင်များသည် ဥပုသ်နေ့တွင် တာဝန်ကျသူများနှင့် တာဝန်မကျသူများပါ အသီးသီးမိမိတို့လူကို ခေါ်ထားကြ၏။ Common Language Bible လေဝိအနွယ်ဝင်များနှင့်ယုဒပြည်သူ အပေါင်းတို့သည် ယောယဒ၏အမိန့်ကို နာခံကြလေသည်။ ဥပုသ်နေ့၌သူတို့သည် မိမိတို့တာဝန်ချိန်ကုန်ဆုံးသွားသော်လည်း အိမ်သို့မပြန်ရကြ။ သို့ဖြစ်၍တာဝန်မှူး တို့သည်တာဝန်ကျသူများနှင့် တာဝန် ပြီးဆုံးသူများကိုပါခေါ်ယူစေခိုင်း နိုင်ကြ၏။- Garrad Bible ထို သို့ ပ ရော ဟိတ် ယော ယ ဒ မှာ ထား သည့် အ တိုင်း။ လေ ဝိ ဂိုဏ်း သာ နှင့် ယု ဒ တစ် မျိုး လုံး လိုက် နာ လျက်၊ အ လှည့် ကျ ထွက် သင့် သူ တို့ ကို၊ ပ ရော ဟိတ် ယော ယ ဒ ထွက် ခွင့် မ ပေး သေး သည် နှင့် အ ညီ၊ ဥ ပုသ် နေ့ စောင့် ရ သူ၊ ထွက် ခွင့် ရ သူ၊ ကိုယ့် တ ပည့် များ ကို ခေါ် ငင် ဝင် ရောက် ကြ သော အ ခါ၊ Judson Bible ထိုသို့ ယဇ်ပုရောဟိတ်ယောယဒ မှာထားသမျှအတိုင်း၊ လေဝိသားများနှင့် ယုဒအမျိုးသား အပေါင်းတို့သည်ပြု၍၊ ယဇ်ပုရောဟိတ်ယောယဒသည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မဖျက်သောကြောင့်၊ ဥပုသ်နေ့၌ ထွက်ရသောသူနှင့် ဝင်ရသောသူ အသီးအသီးတို့ကို ခေါ်ထားကြ၏။ |
ရာတပ်မှူးတို့သည် ယဇ်ပုရောဟိတ်ယောယဒ မှာကြားသည့်အတိုင်း ပြုကြ၏။ သူတို့အသီးသီးသည် ဥပုသ်နေ့တွင် တာဝန်ကျသောကိုယ့်လူနှင့် တာဝန်မကျသောကိုယ့်လူတို့ကိုခေါ်၍ ယဇ်ပုရောဟိတ်ယောယဒထံသို့ လာကြ၏။
တစ်ဆယ့်ရှစ်ယောက်မြောက်မဲကျသူမှာ ဟာနနိနှင့်သူ့သားများ၊ သူ့ညီအစ်ကိုများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
ကျေးရွာများမှ သူတို့၏ညီအစ်ကိုများကလည်း လာ၍ သူတို့နှင့်အတူ ခုနစ်ရက်တစ်ကြိမ် စောင့်ကြပ်ပေးလေ့ရှိ၏။
လေဝိအမျိုးတစ်ဦးချင်းစီသည် လက်နက်ကိုကိုင်ဆောင်ထားပြီး ရှင်ဘုရင်ကို ဝိုင်းရံထားရမည်။ အိမ်တော်သို့ ဝင်လာသူတိုင်းကို သုတ်သင်ပစ်ရမည်။ ရှင်ဘုရင်သွားလာလေရာရာသို့ သင်တို့လိုက်ပါစောင့်ရှောက်ရမည်”ဟု မှာကြားလေ၏။
ထို့နောက် ယဇ်ပုရောဟိတ်ယောယဒသည် ဘုရားသခင်၏အိမ်တော်၌ရှိသော ဒါဝိဒ်မင်းကြီး၏လှံများ၊ ဒိုင်းလွှားကြီးများ၊ ဒိုင်းလွှားငယ်များကို ရာတပ်မှူးတို့အား ပေးအပ်၏။