Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 23:8 - Common Language Bible

8 လေ​ဝိ​အ​နွယ်​ဝင်​များ​နှင့်​ယု​ဒ​ပြည်​သူ အ​ပေါင်း​တို့​သည် ယော​ယ​ဒ​၏​အ​မိန့်​ကို နာ​ခံ​ကြ​လေ​သည်။ ဥ​ပုသ်​နေ့​၌​သူ​တို့​သည် မိ​မိ​တို့​တာ​ဝန်​ချိန်​ကုန်​ဆုံး​သွား​သော်​လည်း အိမ်​သို့​မ​ပြန်​ရ​ကြ။ သို့​ဖြစ်​၍​တာ​ဝန်​မှူး တို့​သည်​တာ​ဝန်​ကျ​သူ​များ​နှင့် တာ​ဝန် ပြီး​ဆုံး​သူ​များ​ကို​ပါ​ခေါ်​ယူ​စေ​ခိုင်း နိုင်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို သို့ ပ ရော ဟိတ် ယော ယ ဒ မှာ ထား သည့် အ တိုင်း။ လေ ဝိ ဂိုဏ်း သာ နှင့် ယု ဒ တစ် မျိုး လုံး လိုက် နာ လျက်၊ အ လှည့် ကျ ထွက် သင့် သူ တို့ ကို၊ ပ ရော ဟိတ် ယော ယ ဒ ထွက် ခွင့် မ ပေး သေး သည် နှင့် အ ညီ၊ ဥ ပုသ် နေ့ စောင့် ရ သူ၊ ထွက် ခွင့် ရ သူ၊ ကိုယ့် တ ပည့် များ ကို ခေါ် ငင် ဝင် ရောက် ကြ သော အ ခါ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​သို့ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ မှာ​ထား​သ​မျှ​အ​တိုင်း၊ လေ​ဝိ​သား​များ​နှင့် ယု​ဒ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​ပြု၍၊ ယဇ်​ပု​ရော​ဟိတ်​ယော​ယ​ဒ​သည် ဖွဲ့​မြဲ​ဖွဲ့​သော အ​သင်း​တို့​ကို မ​ဖျက်​သော​ကြောင့်၊ ဥ​ပုသ်​နေ့၌ ထွက်​ရ​သော​သူ​နှင့် ဝင်​ရ​သော​သူ အ​သီး​အ​သီး​တို့​ကို ခေါ်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 လေဝိ​အမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​ယောယဒ​က အလှည့်ကျ​အဖွဲ့​များ​ကို ပြန်​မ​လွှတ်ပေး​သောကြောင့် အဖွဲ့ခေါင်းဆောင်​များ​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သူ​များ​နှင့် တာဝန်မကျ​သူ​များ​ပါ အသီးသီး​မိမိ​တို့​လူ​ကို ခေါ်ထား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 23:8
7 ပူးပေါင်းရင်းမြစ်များ  

တပ်​မှူး​တို့​သည်​ယော​ယ​ဒ​၏​ညွှန်​ကြား​ချက် များ​ကို​နာ​ခံ​လျက် မိ​မိ​တို့​တပ်​များ​မှ​ဥ​ပုသ် နေ့​၌​တာ​ဝန်​ကျ​သော​တပ်​သား​များ​နှင့် အား လပ်​ခွင့်​ရ​သည့်​တပ်​သား​များ​ကို​သူ​၏​ထံ သို့​ခေါ်​ခဲ့​ကြ​၏။-


ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။-


လေဝိ​အ​နွယ်​ဝင်​တို့​သည်​မင်း​လောင်း​၏​ပတ် လည်​တွင် ဋ္ဌား​လွတ်​များ​ကို​ကိုင်​၍​စောင့်​ကြပ် ရ​ကြ​မည်။ မင်း​လောင်း​သွား​လေ​ရာ​သို့​လိုက် ရ​ကြ​မည်။ ဗိ​မာန်​တော်​သို့​ဝင်​ရန်​ကြိုး​စား​သူ ဟူ​သ​မျှ​ကို​သတ်​ရ​မည်'' ဟု​မှာ​ကြား​ထား လေ​သည်။


ယော​ယ​ဒ​သည်​ဗိ​မာန်​တော်​တွင်​ဒါ​ဝိဒ်​ထား ရှိ​သည့်​လှံ​များ​နှင့် ဒိုင်း​လွှား​များ​ကို​အ​စောင့် တပ်​မှူး​တို့​အား​ပေး​အပ်​လေ​သည်။-


ရှေ​လော​မိတ်​နှင့်​သူ​၏​အိမ်​ထောင်​စု​သား​တို့​သည် ဘု​ရား​သ​ခင်​အား​ဒါ​ဝိဒ်​မင်း​ကြီး၊ အိမ်​ထောင် ဦး​စီး​များ၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ​နှင့် စစ်​တပ်​အ​ရာ​ရှိ​များ​ဆက်​ကပ်​ထား​သည့်​လှူ ဖွယ်​ပစ္စည်း​များ​ကို​တာ​ဝန်​ယူ​၍​ထိန်း​သိမ်း ရ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ