သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
၂ ရာချုပ် 21:8 - မြန်မာ့စံမီသမ္မာကျမ်း ယဟောရံမင်းကြီးလက်ထက်တွင် ယုဒပြည်လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် ယုဒပြည်ကိုပုန်ကန်၍ သူတို့ကို အုပ်စိုးရန် ဘုရင်တစ်ပါးကို တင်မြှောက်လိုက်ကြ၏။ Common Language Bible ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။- Garrad Bible လက် အောက် ခံ ဖြစ် သော ဧ ဒုံ ပြည် သည်၊ ထို ယ ဟော ရံ မင်း လက် ထက် ပုန် ကန် လျက်၊ မင်း သစ် တင် မြှောက် ကြ သည် ဖြစ် ၍၊ Judson Bible ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သားတို့သည် ယုဒရှင်ဘုရင်ကို ပုန်ကန်၍၊ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ |
သင်သည် ဓားဖြင့်အသက်မွေး၍ သင့်ညီထံ၌အစေခံရလိမ့်မည်။ သို့သော် သင်ရုန်းကန်သောအားဖြင့် သူ၏ထမ်းပိုးကို သင်၏လည်ပင်းမှချွတ်နိုင်လိမ့်မည်”ဟု ဆိုလေ၏။
သို့ဖြစ်၍ အစ္စရေးဘုရင်သည် ယုဒဘုရင်၊ ဧဒုံဘုရင်တို့နှင့်ပေါင်း၍ စစ်ချီကြလေ၏။ ခုနစ်ရက်ပတ်လုံးကွေ့ပတ်ချီတက်လာကြရာ လိုက်ပါလာသောစစ်သည်များနှင့် တိရစ္ဆာန်တို့အဖို့ ရေမရှိသဖြင့်
ယဟောရံမင်းကြီးသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်သောကြောင့် ယုဒပြည်၏လက်အောက်ခံဖြစ်သော ဧဒုံပြည်သည် သူ့ကို ယနေ့တိုင်အောင် ပုန်ကန်၏။ တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ခံဖြစ်သော လိဗနပြည်သည်လည်း သူ့ကိုပုန်ကန်လေ၏။
ထို့ကြောင့် ယဟောရံမင်းကြီးသည် မှူးမတ်များပါလျက် မိမိ၌ရှိသမျှသောစစ်ရထားအားလုံးနှင့်တကွ ချီတက်၍ သူ့အားဝိုင်းရံလာသောဧဒုံတပ်သားတို့နှင့် စစ်ရထားမှူးတို့ကို ညအချိန် ထ၍တိုက်ခိုက်၏။
အကြောင်းမူကား ဧဒုံအမျိုးသားတို့သည် နောက်တစ်ဖန် ချီလာ၍ ယုဒပြည်ကိုတိုက်ခိုက်ပြီး သုံ့ပန်းများကိုဖမ်းဆီးခေါ်ဆောင်သွားကြ၏။