မိမိမယားငယ်တို့၏သားတို့ကိုကား အာဗြဟံသည် လက်ဆောင်ပစ္စည်းများပေး၍ မိမိအသက်ရှင်စဉ်တွင် သူတို့ကို မိမိသားဣဇက်နှင့်ဝေးရာ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
၂ ရာချုပ် 21:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ခမည်းတော်သည် သူတို့အား ရွှေငွေများ၊ အဖိုးတန်အသုံးအဆောင်များ အများအပြားနှင့် ယုဒခံတပ်မြို့များကိုပါ ပေးထားပြီး သားတော်ယဟောရံကိုမူ သားဦးဖြစ်သောကြောင့် ထီးနန်းကို လွှဲအပ်ပေး၏။ Common Language Bible ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။- Garrad Bible ခ မည်း တော် သည်၊ များ စွာ သော လက် ဆောင် ပ ဏ္ဏာ၊ ရွှေ ငွေ ရေ တ နာ နှင့် တ ကွ၊ ယု ဒ ပြည် ရှိ ခံ တပ် မြို့ များ ကို၊ သား တော် ငယ် တို့ အား အ ပိုင် စား ပေး လျက်၊ သား ဦး ယ ဟော ရံ အား၊ နိုင် ငံ ကို အပ် နှင်း ခဲ့ ၏။ Judson Bible ခမည်းတော်သည် များစွာသော ရွှေငွေဥစ္စာ ရတနာနှင့်တကွ ယုဒပြည်၌ ခိုင်ခံ့သောမြို့တို့ကို သူတို့အားပေး၏။ နိုင်ငံကိုကား၊ သားဦးယဟောရံအား ပေး၏။ |
မိမိမယားငယ်တို့၏သားတို့ကိုကား အာဗြဟံသည် လက်ဆောင်ပစ္စည်းများပေး၍ မိမိအသက်ရှင်စဉ်တွင် သူတို့ကို မိမိသားဣဇက်နှင့်ဝေးရာ အရှေ့ပြည်သို့ လွှတ်လိုက်လေ၏။
ရောဗောင်မင်းကြီးသည် ဉာဏ်ပြေးသူဖြစ်၏။ သူ၏သားတော်များကို ယုဒနယ်၊ ဗင်္ယာမိန်နယ်တစ်လျှောက်လုံးရှိ ခံတပ်မြို့တို့တွင် ပို့ထားပြီး စားနပ်ရိက္ခာအပြည့်အစုံနှင့် မယားအများအပြားကိုလည်း ရှာပေး၏။
ထို့နောက်တွင် ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့တွင်စံမြန်းပြီး ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မင်းသားသည် မိမိသားတစ်ယောက်ယောက်အား မိမိအမွေကို လက်ဆောင်အဖြစ်ပေးမည်ဆိုလျှင် ထိုလက်ဆောင်သည် ထိုသား၏သားမြေးတို့သာပိုင်သောအမွေ ဖြစ်ရမည်။