ထိုအခါ ရှင်ဘုရင်နှင့် အစ္စရေးအကြီးအကဲတို့က မိမိကိုယ်ကိုနှိမ့်ချပြီး “ထာဝရဘုရား ဖြောင့်မတ်တော်မူပါ၏”ဟု ဆိုကြ၏။
၂ ရာချုပ် 21:2 - မြန်မာ့စံမီသမ္မာကျမ်း ယောရှဖတ်မင်းကြီး၏သားတော်ယဟောရံတွင် အာဇရိ၊ ယေဟေလ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိ စသောညီအစ်ကိုများ ရှိ၏။ ဤသူအားလုံးသည် အစ္စရေးဘုရင်ယောရှဖတ်မင်းကြီး၏သားတော်များ ဖြစ်၏။ Common Language Bible ယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။- Garrad Bible ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း သား တော်၊ ယ ဟော ရံ မင်း ညီ တော် များ ကား၊ အာ ဇ ရိ၊ ယေ ဟေ လ၊ ဇာ ခ ရိ၊ အာ ဇ ရိ၊ မိ က္ခေ လ၊ ရှေ ဖ တိ တို့ တည်း။ Judson Bible ယုဒရှင်ဘုရင် ယောရှဖတ်သား၊ ယဟောရံညီဟူမူကား၊ အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိ၊ မိက္ခေလ၊ ရှေဖတိတည်း။ |
ထိုအခါ ရှင်ဘုရင်နှင့် အစ္စရေးအကြီးအကဲတို့က မိမိကိုယ်ကိုနှိမ့်ချပြီး “ထာဝရဘုရား ဖြောင့်မတ်တော်မူပါ၏”ဟု ဆိုကြ၏။
ယဟောရံသည် ခမည်းတော်၏ထီးနန်းကို ဆက်ခံ၍ အင်အားခိုင်မာလာသောအခါ ညီအစ်ကိုအားလုံးနှင့် အစ္စရေးအကြီးအကဲအချို့တို့ကို ဓားနှင့်ကွပ်မျက်လေ၏။
ယုဒပြည်တစ်လျှောက်လုံးသို့လှည့်လည်သွားလာပြီး ယုဒမြို့ရွာရှိသမျှတို့မှ လေဝိအမျိုးများ၊ အစ္စရေးလူမျိုးတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးများကို စည်းရုံးသဖြင့် သူတို့သည် ဂျေရုဆလင်မြို့သို့ လာကြ၏။
သူသည် အစ္စရေးနိုင်ငံတွင် ဘုရားသခင်နှင့်အိမ်တော်အတွက်ကောင်းသောအမှုများကို ပြုသောကြောင့် သူ့ကို ဒါဝိဒ်မြို့တွင် ဘုရင်များနှင့်အတူ သင်္ဂြိုဟ်ကြ၏။
ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးများကို စုရုံး၍ သူတို့အား “ယုဒမြို့ရွာများသို့သွား၍ ဘုရားသခင်၏အိမ်တော်ကို ပြုပြင်ရန်အတွက် အစ္စရေးလူမျိုးတစ်မျိုးလုံးတို့ထံမှ နှစ်စဉ်ကြေးငွေများကောက်ခံကြလော့။ ဤအမှုကို ချက်ချင်းလုပ်ဆောင်လော့”ဟု မိန့်ဆို၏။ သို့သော် လေဝိအမျိုးတို့သည် ချက်ချင်းမလုပ်ဆောင်ဘဲ နေကြ၏။
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
သူက “ဆီးရီးယားဘုရင်၏ဘုရားတို့သည် သူတို့ကို ကူညီ၏။ ထိုဘုရားတို့ကို ယဇ်ပူဇော်လျှင် ငါ့ကိုလည်းကူညီလိမ့်မည်”ဟု တွေးလျက် သူ့ကို တိုက်ခိုက်နှိမ်နင်းခဲ့သောဒမတ်စကပ်မြို့သားတို့၏ဘုရားများကို ယဇ်ပူဇော်လေ၏။ သို့သော် ထိုဘုရားတို့သည် သူနှင့်အစ္စရေးတစ်မျိုးနွယ်လုံးကို ကျရှုံးစေ၏။
အာခတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၍ သူ့ကို ဂျေရုဆလင်မြို့တွင် သင်္ဂြိုဟ်ကြ၏။ သို့သော် အစ္စရေးဘုရင်တို့၏သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြပေ။ သူ၏သားတော်ဟေဇကိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ကျန်ရှိနေသော မနာရှေမင်းကြီးလက်ထက် အဖြစ်အပျက်များ၊ သူ၏ဘုရားသခင်ထံ သူဆုတောင်းခဲ့ပုံများ၊ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အားဖြင့် သူ့အားမြွက်ဆိုခဲ့သောဗျာဒိတ်ရသူတို့၏စကားများ စသည်တို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်ကျမ်းတွင် ရေးမှတ်ထား၏။
ပရောဖက်ရှမွေလလက်ထက်မှစ၍ အစ္စရေးပြည်တွင် ဤကဲ့သို့သောပသခါပွဲမျိုး တစ်ခါမျှမကျင်းပဖူးချေ။ ယောရှိမင်းကြီးနှင့်အတူ ယဇ်ပုရောဟိတ်များ၊ လေဝိလူမျိုးများနှင့် အစ္စရေးလူမျိုးအပါအဝင် ယုဒလူမျိုးအားလုံးမှစ၍ ဂျေရုဆလင်မြို့သားတို့ စုပေါင်း၍ပြုလုပ်သောပသခါပွဲမျိုး အစ္စရေးဘုရင်အပေါင်းတို့လက်ထက်တွင် တစ်ခါမျှမကျင်းပခဲ့ဖူးချေ။