ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။
၂ ရာချုပ် 18:29 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။ Common Language Bible အာဟပ်ကယောရှဖတ်အား``စစ်ပွဲသို့ဝင်ရောက် သောအခါကျွန်ုပ်သည်ကိုယ်ကိုရုပ်ဖျက်၍သွား ပါမည်။ အဆွေတော်မူကားမင်းမြောက်တန်ဆာ ကိုဝတ်ဆင်လျက်သွားပါလော့'' ဟုဆိုလေသည်။ ဤသို့ဆိုပြီးနောက်ဣသရေလဘုရင်သည် ရုပ်ဖျက်၍တိုက်ပွဲဝင်လေ၏။ Garrad Bible ဣ သ ရေ လ ဘု ရင် က၊ ကျွန်ုပ် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် မည်။ အ ကြည် တော် မူ ကား၊ မင်း မြောက် တန် ဆာ ကို ဆင် ယင် ပါ လော့ ဟု၊ ယော ရှ ဖတ် မင်း အား ဆို ပြီး မှ၊ ဣ သ ရေ လ ဘု ရင် သည်၊ မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် ကြ သ တည်း။ Judson Bible ဣသရေလရှင်ဘုရင်က၊ ငါသည် ခြားနားသောအယောင်ကို ဆောင်၍ စစ်ပွဲထဲသို့ဝင်မည်။ မင်းကြီးမူကား၊ မင်းမြောက်တန်ဆာကို ဝတ်ဆင်ပါလော့ဟု ယောရှဖတ်အား ဆိုပြီးမှ၊ ဣသရေလရှင်ဘုရင်သည် ခြားနားသော အယောင်ကိုဆောင်လျက် စစ်ပွဲထဲသို့ဝင်၏။ |
ထိုအခါ ထိုပရောဖက်သည် မိမိမျက်နှာကို ပဝါဖြင့်အုပ်၍ ထွက်သွားပြီး ရှင်ဘုရင်ကြွအလာကို လမ်းဘေးတွင်စောင့်နေ၏။
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးတို့အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
အိမ်ထောင်ရေးဖောက်ပြန်သောသူသည်လည်း ‘မည်သူမျှ ငါ့ကို မမြင်’ဟု တွေးထင်လျက် မျက်နှာကိုဖုံးကာ မှောင်ရီပျိုးချိန်ကို စောင့်မျှော်နေတတ်၏။
လူတို့သည် မိမိ၏အိမ်နီးချင်းတို့ကို မဟုတ်မမှန်ပြောဆိုကြပါ၏။ မြှောက်ပင့်တတ်သောနှုတ်ခမ်းနှင့် နှစ်ခွသောစိတ်ဖြင့် ပြောဆိုကြပါ၏။
သူ၏စကားသည် ချိုသော်လည်း သူ့ကိုမယုံနှင့်။ အကြောင်းမူကား သူ၏စိတ်နှလုံးထဲ၌ စက်ဆုပ်ရွံရှာဖွယ်ရာ ခုနစ်ပါးရှိ၏။
“ငါမမြင်နိုင်အောင် ကွယ်ရာ၌ ပုန်းနိုင်သောသူ တစ်စုံတစ်ယောက်ရှိသလော”ဟု ထာဝရဘုရားမေးတော်မူ၏။ “ငါသည် ကောင်းကင်၊ မြေကြီးအနှံ့ ရှိသည်မဟုတ်လော”ဟု ထာဝရဘုရားမေးတော်မူ၏။
ရှောလုမင်းကြီးသည် ရုပ်ဖျက်၍ တခြားအဝတ်ကိုဝတ်ပြီးလျှင် သူ့နောက်လိုက်နှစ်ဦးနှင့်အတူ သွားရာ ညအချိန်တွင် ထိုမိန်းမရှိရာသို့ ရောက်လာ၏။ ရှောလုမင်းကြီးက သူ့အား “နတ်ကို အမှီပြု၍ ငါပြောသောသူကို ခေါ်ပေးပါလော့”ဟု ဆို၏။