Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 18:29 - Common Language Bible

29 အာ​ဟပ်​က​ယော​ရှ​ဖတ်​အား``စစ်​ပွဲ​သို့​ဝင်​ရောက် သော​အ​ခါ​ကျွန်ုပ်​သည်​ကိုယ်​ကို​ရုပ်​ဖျက်​၍​သွား ပါ​မည်။ အ​ဆွေ​တော်​မူ​ကား​မင်း​မြောက်​တန်​ဆာ ကို​ဝတ်​ဆင်​လျက်​သွား​ပါ​လော့'' ဟု​ဆို​လေ​သည်။ ဤ​သို့​ဆို​ပြီး​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​သည် ရုပ်​ဖျက်​၍​တိုက်​ပွဲ​ဝင်​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ဣ သ ရေ လ ဘု ရင် က၊ ကျွန်ုပ် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် မည်။ အ ကြည် တော် မူ ကား၊ မင်း မြောက် တန် ဆာ ကို ဆင် ယင် ပါ လော့ ဟု၊ ယော ရှ ဖတ် မင်း အား ဆို ပြီး မှ၊ ဣ သ ရေ လ ဘု ရင် သည်၊ မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​က၊ ငါ​သည် ခြား​နား​သော​အ​ယောင်​ကို ဆောင်၍ စစ်​ပွဲ​ထဲ​သို့​ဝင်​မည်။ မင်း​ကြီး​မူ​ကား၊ မင်း​မြောက်​တန်​ဆာ​ကို ဝတ်​ဆင်​ပါ​လော့​ဟု ယော​ရှ​ဖတ်​အား ဆို​ပြီး​မှ၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​သည် ခြား​နား​သော အ​ယောင်​ကို​ဆောင်​လျက် စစ်​ပွဲ​ထဲ​သို့​ဝင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 18:29
10 ပူးပေါင်းရင်းမြစ်များ  

ပ​ရော​ဖက်​သည်​မိ​မိ​၏​မျက်​နှာ​ကို​အ​ဝတ် ဖြင့်​စည်း​ပြီး​လျှင် ရုပ်​ဖျက်​လျက်​လမ်း​နံ​ဘေး​တွင် အာ​ဟပ်​မင်း​အ​လာ​ကို​စောင့်​ဆိုင်း​လျက်​နေ​၏။-


ထို​နောက်​ဣ​သ​ရေ​လ​ဘု​ရင်​အာ​ဟပ်​နှင့်​ယု​ဒ ဘု​ရင်​ယော​ရှ​ဖတ်​တို့​သည်​ဂိ​လဒ်​ပြည်၊ ရာ​မုတ် မြို့​သို့​ချီ​တက်​ကြ​၏။-


ရှု​ရိ​ဘု​ရင်​သည်​မိ​မိ​၏​ရ​ထား​တပ်​မှူး​တို့ အား​ဣသ​ရေ​လ​ဘု​ရင်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​သူ​ကို​မျှ​မ​တိုက်​ခိုက်​ရန်​အ​မိန့်​ပေး ထား​လေ​သည်။-


သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရ ဟု ဆိုတတ်၏။


လူ​အ​ပေါင်း​တို့​သည်​အ​ချင်း​ချင်း​လိမ်​လည် ပြော​ဆို​၍ မြှောက်​ပင့်​ကာ​လှည့်​စား​ကြ​ပါ​၏။


ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။


ငါ​မ​တွေ့​မ​မြင်​နိုင်​သော​အ​ရပ်​တွင်​အ​ဘယ် သူ​မျှ​ပုန်း​ကွယ်​၍​မ​နေ​နိုင်။ ``ငါ​သည်​ကောင်း ကင်​ဘုံ​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​ရှိ​အ​ရပ် တ​ကာ​တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​တို့ မ​သိ​ကြ​သ​လော။-''


ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ