Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 28:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ရှောလု​မင်းကြီး​သည် ရုပ်ဖျက်​၍ တခြား​အဝတ်​ကို​ဝတ်​ပြီးလျှင် သူ့​နောက်လိုက်​နှစ်​ဦး​နှင့်အတူ သွား​ရာ ညအချိန်​တွင် ထို​မိန်းမ​ရှိ​ရာ​သို့ ရောက်လာ​၏​။ ရှောလု​မင်းကြီး​က သူ့​အား “​နတ်​ကို အမှီပြု​၍ ငါ​ပြော​သော​သူ​ကို ခေါ်ပေး​ပါ​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ရှော လု မင်း သည် ဝတ် လဲ တော် မ ဆင် ဘဲ ဆင်း ရဲ သား ဟန် ဆောင် လျက် နောက် ပါ ငယ် သား နှစ် ယောက် နှင့် ညဉ့် အ ခါ ထို မိန်း မ ထံ သွား ရောက် ပြီး လျှင် သင် အ မှီ ပြု သော ဇော် ဂ နီ တန် ခိုး အား ဖြင့် ကျွန် တော် အ လို ရှိ သူ့ ကို ခေါ် ပေး ပါ ဟု ဆို သော်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ရှော​လု​သည် အ​ဝတ်​လဲ၍ ထူး​ခြား​သော အ​ယောင်​ကို​ဆောင်​လျက်၊ ည​အ​ခါ လူ​နှစ်​ယောက်​နှင့်​တ​ကွ ထို​မိန်း​မ​ဆီ​သို့​သွား၍ ရောက်​ပြီး​လျှင်၊ သင်​ပေါင်း​သော​နတ်​ကို​အ​မှီ​ပြု၍ သင့်​အား​ငါ​ပြော​မည့်​သူ​ကို ဖော်​ပါ​လော့​ဟု တောင်း​ပန်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 28:8
12 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲ​ဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။


စစ်သည်​တစ်​ဦး​သည် လေး​ကို​အမှတ်တမဲ့​ပစ်ထည့်​လိုက်​ရာ အစ္စရေး​ဘုရင်​ဝတ်​ထား​သော​သံချပ်အင်္ကျီ​၏​ဆက်​ရာ​ကြား​တွင် ထိမှန်​လေ​၏​။ ထိုအခါ ရှင်ဘုရင်​က မိမိ​စစ်ရထားမှူး​အား “​ရထား​ကို​ပြန်လှည့်​ပြီး စစ်မြေပြင်​မှ​ထွက်သွား​လော့​။ ငါ​ဒဏ်ရာ​ရ​နေ​ပြီ​”​ဟု အမိန့်ပေး​၏​။


ရှောလု​မင်းကြီး​သည် ထာဝရဘုရား​အပေါ် သစ္စာမစောင့်​၊ ထာဝရဘုရား​၏​စကား​တော်​ကို မ​နာခံ​၊ နတ်ဝင်သည်​ထံ မေးမြန်း​တိုင်ပင်​၍


အစ္စရေး​ဘုရင်​က ယောရှဖတ်​မင်းကြီး​အား “​ငါ​သည် ရုပ်ဖျက်​ပြီး တိုက်ပွဲဝင်​မည်​။ သင်​မူကား သင်​၏​မင်းဝတ်တန်ဆာ​တို့​ကို ဝတ်ဆင်​ပါ​လော့​”​ဟု ဆို​ပြီး အစ္စရေး​ဘုရင်​သည် ရုပ်ဖျက်​၍ စစ်ပွဲ​ထဲသို့​ဝင်​လေ​၏​။


သို့သော် ယောရှိ​မင်းကြီး​သည် နောက်ပြန်​မ​လှည့်​ဘဲ နေခေါ​မင်းကြီး​ကို ရင်ဆိုင်တိုက်ခိုက်​၏​။ နေခေါ​မင်းကြီး​အား ဘုရားသခင်​မိန့်​တော်မူ​သော​စကား​ကို နား​မ​ထောင်​ဘဲ ရုပ်ဖျက်​ကာ မေဂိဒ္ဒေါ​လွင်ပြင်​သို့ ချီတက်​၍ စစ်ပွဲ​သို့​ဝင်​၏​။


“​တီးတိုး​ရွတ်ဆို​တတ်​သော နတ်ဝင်သည်​၊ နတ်ထိန်းသည်​တို့​ထံ မေးမြန်း​ကြ​လော့​”​ဟု လူ​တို့​က သင်​တို့​အား​ပြောလာ​လျှင် လူ​သည် မိမိ​ဘုရားသခင်​ကို​သာ မေးမြန်း​သင့်​သည်​မ​ဟုတ်​လော​။ အသက်ရှင်​သော​သူ​အတွက် သေ​သော​သူ​ကို မေးမြန်း​သင့်​သလော​။


“ငါ​မ​မြင်​နိုင်​အောင် ကွယ်​ရာ​၌ ပုန်းနိုင်​သော​သူ တစ်စုံတစ်ယောက်​ရှိ​သလော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။ “​ငါ​သည် ကောင်းကင်​၊ မြေကြီး​အနှံ့ ရှိ​သည်​မ​ဟုတ်​လော​”​ဟု ထာဝရဘုရား​မေး​တော်မူ​၏​။


သူ​တို့​မျက်စိ​ရှေ့​တွင်ပင် အထုပ်​ကို သင့်​ပခုံး​ပေါ်တွင်​ထမ်း​၍ အမှောင်​ထဲသို့​ထွက်သွား​လော့​။ ဘာမျှ​မ​မြင်​ရ​အောင် မျက်နှာ​ကို​ဖုံး​ထား​လော့​။ ငါ​သည် သင့်​ကို အစ္စရေး​အမျိုးအနွယ်​တို့​အဖို့ နိမိတ်လက္ခဏာ​ဖြစ်​စေ​ပြီ​”​ဟု မိန့်ဆို​၏​။


စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ