ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
၂ ရာချုပ် 18:19 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘အစ္စရေးဘုရင်အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးမူကား ထိုသို့ဟု လျှောက်တင်၏။ Common Language Bible ထာဝရဘုရားက`အာဟပ်သည်ရာမုတ်မြို့ကို သွား၍အသတ်ခံရစေရန်သူ့အားအဘယ်သူ လိမ်လည်လှည့်စားပါမည်နည်း' ဟုမေးတော်မူ လျှင်ကောင်းကင်တမန်တို့သည်အမျိုးမျိုး အဖုံဖုံလျှောက်ထားကြ၏။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ ၍ ကျ ဆုံး စေ ရန်၊ ဣ သ ရေ လ ဘု ရင် အာ ဟပ် ကို မည် သူ သွေး ဆောင် မည် နည်း ဟု မေး တော် မူ လျှင်၊ ထို ထို ဤ ဤ တစ် ပါး တစ် မျိုး စီ လျှောက် ပြီး နောက်၊ Judson Bible ထာဝရဘုရားကလည်း၊ အာဟပ်သည် ဂိလဒ်ပြည်ရာမုတ်မြို့သို့ စစ်ချီ၍ ဆုံးစေခြင်းငှာ၊ အဘယ်သူသွေးဆောင်မည်နည်းဟု မေးတော်မူလျှင်၊ အခြံအရံတော်တို့သည် တစ်ယောက်တစ်နည်းစီ ပြန်လျှောက်ကြ၏။ |
ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
ဂိလဒ်ပြည်သား၊ မနာရှေ၏သားယာဣရပိုင်သောမြို့ငယ်များမှစ၍ ဗာရှန်ပြည်ရှိ အာဂေါဘနယ်၊ ခိုင်ခံ့သောမြို့ရိုးနှင့် ကြေးနီကန့်လန့်ကျင်ရှိသည့် မြို့ခြောက်ဆယ်အပါအဝင် ရာမုတ်ဂိလဒ်မြို့၏နယ်စားမင်း ဗင်ဂေဗာ၊
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
သင်သည် ဧဒုံပြည်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ဘဝင်မြင့်လှ၏။ ကိုယ့်နန်းတော်၌သာ ကိုယ်စံမြန်းပါလော့။ အဘယ်ကြောင့် ပြဿနာရှာပြီး ယုဒပြည်ကို သင်နှင့်အတူ ကျရှုံးစေလိုသနည်း”ဟု ပြန်လည်ပြောကြားလိုက်၏။
မင်းကြီးသွားလိုလျှင် သွားလော့။ စစ်ပွဲအတွက်ကိုယ်ကိုခိုင်ခံ့အောင်လုပ်သော်လည်း ဘုရားသခင်သည် မင်းကြီးကို ရန်သူတို့ရှေ့မှာ ရှုံးနိမ့်စေလိမ့်မည်။ အကြောင်းမူကား ဘုရားသခင်သည် ကူညီနိုင်စွမ်း၊ ရှုံးနိမ့်စေနိုင်စွမ်းရှိ၏”ဟု ဆိုလေ၏။
ကိုယ်တော်၌ အစွမ်းသတ္တိနှင့် ပြီးပြည့်စုံသောဉာဏ် ရှိတော်မူ၏။ လမ်းလွဲသွားသောသူနှင့် လမ်းလွဲစေသောသူပါ ကိုယ်တော့်လက်တော်၌ရှိ၏။
အပြစ်တင်စရာမရှိသောသူ၏ဖြောင့်မတ်ခြင်းသည် သူ၏လမ်းကိုဖြောင့်တန်းစေတတ်၏။ ဆိုးယုတ်သောသူမူကား မိမိ၏ဆိုးယုတ်မှုကြောင့် ကျဆုံးတတ်၏။
ကြည့်ရှုလော့။ မီးခဲကို မီးတောက်အောင်မှုတ်ပြီး လက်နက်ကိုထုတ်လုပ်တတ်သော ပန်းပဲဆရာကို ငါကိုယ်တော်တိုင်ဖန်ဆင်း၏။ ဖျက်ဆီးတတ်သော အဖျက်သမားကိုလည်း ငါကိုယ်တော်တိုင်ဖန်ဆင်း၏။
ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။