ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
၂ ရာချုပ် 17:14 - မြန်မာ့စံမီသမ္မာကျမ်း ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းဝင်သောသူများကား ယုဒအမျိုးမှ ထောင်တပ်မှူး အာဒနနှင့် စစ်သူရဲအယောက်သုံးသိန်း၊ Common Language Bible သားချင်းစုများအလိုက်နေရာချထား တော်မူ၏။ ယုဒအနွယ်ဝင်တို့၏တပ်မှူး သည်အာဒနဖြစ်၍ သူ၏လက်အောက် တွင်စစ်သည်သုံးသိန်းရှိလေသည်။- Garrad Bible အိမ် ထောင် များ အ လိုက် စာ ရင်း ဝင် သော ယု ဒ အ နွယ်၊ ထောင် တပ် မှူး တို့ မှာ၊ ဗိုလ် မှူး အာ ဒ န နှင့် စစ် ခေါင်း မာ သူ သုံး သိန်း၊ Judson Bible စစ်သူရဲအဆွေအမျိုး အလိုက်ယူသော စာရင်းဟူမူကား၊ ယုဒအမျိုး ဗိုလ်ချုပ်မင်းအာဒနနှင့် ခွန်အားကြီးသော စစ်သူရဲသုံးသိန်း၊ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ငါသည် သင်၏သားစဉ်မြေးဆက်ကို မြေမှုန့်ကဲ့သို့များပြားစေမည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မြေမှုန့်ကိုရေတွက်နိုင်လျှင် သင်၏သားစဉ်မြေးဆက်ကိုလည်း ရေတွက်နိုင်လိမ့်မည်။
ထို့နောက် ကိုယ်တော်သည် သူ့ကို အပြင်သို့ခေါ်ဆောင်သွားပြီးလျှင် “မိုးကောင်းကင်ကိုမော့ကြည့်လော့။ ကြယ်များကို ရေတွက်နိုင်လျှင် ရေတွက်လော့”ဟု မိန့်တော်မူ၏။ တစ်ဖန် ကိုယ်တော်က “သင်၏သားစဉ်မြေးဆက်သည် ထိုသို့ဖြစ်လိမ့်မည်”ဟု သူ့အားမိန့်တော်မူ၏။
ရောဗောင်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ရောက်လာလျှင် အစ္စရေးလူမျိုးတို့ကိုတိုက်ခိုက်ပြီး ရောဗောင်အဖို့ နိုင်ငံတော်ပြန်ရယူရန် ယုဒအမျိုးအနွယ်နှင့် ဗင်္ယာမိန်အမျိုးအနွယ်တို့မှ လက်ရွေးစင်စစ်သားတစ်သိန်းရှစ်သောင်းကို စုဝေးစေ၏။
အဘိယမင်းကြီးသည် လက်ရွေးစင်စစ်သူရဲအယောက်လေးသိန်းတို့နှင့်အတူ စစ်ချီထွက်၏။ ယေရောဗောင်မင်းကြီးသည်လည်း လက်ရွေးစင်စစ်သူရဲအယောက်ရှစ်သိန်းနှင့်အတူ အဘိယမင်းကြီးကို တိုက်ခိုက်ရန် စစ်ချီလာ၏။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။
ယုဒမြို့ရွာတို့တွင် သူ၏လုပ်ငန်း မြောက်မြားစွာရှိ၏။ ဂျေရုဆလင်မြို့တွင်လည်း ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ရှိ၏။
သူ့လက်အောက်တွင် တပ်မှူးကြီးယေဟောဟနန်နှင့် စစ်သည်တော်အယောက်နှစ်သိန်းရှစ်သောင်း၊
သူတို့လက်အောက်၌ ရှင်ဘုရင်ကိုကူညီပြီး ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ရေးလေ့ကျင့်ထား၍ ရဲစွမ်းသတ္တိရှိသောစစ်သည်ဦးရေ သုံးသိန်းခုနစ်ထောင့်ငါးရာ ရှိ၏။
ဒုတိယလ၊ ပထမနေ့၌ လူထုအပေါင်းတို့ကို စုရုံးစေပြီးလျှင် အသက်နှစ်ဆယ်အရွယ်နှင့်အထက်ရှိသူ တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့မျိုးနွယ်စုအလိုက်၊ ဘိုးဘေးအိမ်ထောင်စုအလိုက် စာရင်းကောက်ယူလေ၏။
“အစ္စရေးအမျိုးသားလူထုအပေါင်းတို့ထဲမှ ယောက်ျားအားလုံး တစ်ဦးချင်းစီ၏အမည်စာရင်းကို သူတို့၏မျိုးနွယ်စုအလိုက်၊ ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် စာရင်းကောက်ယူလော့။