ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
၂ ရာချုပ် 16:12 - မြန်မာ့စံမီသမ္မာကျမ်း အာသမင်းကြီးနန်းစံသုံးဆယ့်ကိုးနှစ်တွင် သူ၏ခြေထောက်၌ အနာရောဂါစွဲကပ်၏။ ထိုအနာရောဂါသည် အလွန်ပြင်းထန်သော်လည်း ထာဝရဘုရားကို မရှာဘဲ သမားတော်များနှင့်သာ ဆေးကုသခဲ့၏။ Common Language Bible နန်းစံသုံးဆယ့်ကိုးနှစ်မြောက်၌အာသသည် နူနာစွဲသဖြင့် ခြေမစွမ်းမသန်ဖြစ်သောအခါ ထာဝရဘုရားအားဆည်းကပ်မည့်အစား ဆေး သမားများကိုသာလျှင်ဆည်းကပ်လေ၏။- Garrad Bible နန်း စံ သုံး ဆယ့် ကိုး နှစ် ရှိ သော်၊ ခြေ တော် တွင် အ နာ ဆိုး ရောက် သော် လည်း၊ ထာ ဝ ရ ဘု ရား ကို မ ရှာ၊ ဆေး ဆရာ များ ကို သာ မှီ ဝဲ လေ ၏။ Judson Bible နန်းစံသုံးဆယ်ကိုးနှစ်တွင်၊ ခြေတော်၌ အနာရောဂါစွဲ၍ ပြင်းစွာခံရသော်လည်း၊ ထာဝရဘုရားကို မဆည်းကပ်၊ ဆေးသမားတို့ကိုသာ ဆည်းကပ်လေ၏။ |
ထို့နောက် ယောသပ်သည် မိမိဖခင်၏အလောင်းကိုဆေးစီရင်ရန် မိမိအစေအပါးဆေးဆရာတို့အားအမိန့်ပေးလေ၏။ ထို့ကြောင့် ဆေးဆရာတို့သည် အစ္စရေး၏အလောင်းကိုဆေးစီရင်ကြ၏။
ထာဝရဘုရားထံ မမေးလျှောက်သောကြောင့် ထာဝရဘုရားသည် သူ့ကိုကွပ်မျက်လိုက်သဖြင့် သူအနိစ္စရောက်လေ၏။ နိုင်ငံတော်ကိုလည်း ယေရှဲ၏သားဒါဝိဒ်လက်သို့ လွှဲအပ်တော်မူ၏။
နောက်ဆုံးတွင် အာသမင်းကြီးသည် ဘိုးဘေးတို့နှင့်အတူ အိပ်ပျော်၏။ နန်းစံလေးဆယ့်တစ်နှစ်တွင် အနိစ္စရောက်လေ၏။
ထာဝရဘုရား၌ စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ကိုးစားသူတို့ကို ခွန်အားဖြည့်ပေးရန် ကိုယ်တော်သည် မြေကြီးတစ်ပြင်လုံးကို အစဉ်ကြည့်ရှုတော်မူ၏။ သင်မိုက်မဲစွာပြုမိပြီဖြစ်သောကြောင့် ယခုမှစ၍ သင်သည် စစ်ပွဲများနှင့် ရင်ဆိုင်ရတော့မည်”ဟု ဆင့်ဆို၏။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
သင်တို့သည် မုသားကို ဖုံးကွယ်ထားသောသူများ၊ သင်တို့အားလုံးသည် အသုံးမဝင်သောသမားတော်များ ဖြစ်ကြ၏။
ထာဝရဘုရားက “လူကိုကိုးစားသောသူ၊ လူ၏လက်ရုံးအားကိုမှီခိုသောသူ၊ ထာဝရဘုရားထံမှ ကျောခိုင်းသွားသောသူသည် ကျိန်ခြင်းခံရသောသူဖြစ်၏။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
ကိုယ်တော်သည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကို မလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။
ယေရှုသည် ထိုစကားကိုကြားလျှင်“ကျန်းမာသောသူတို့သည် ဆေးဆရာကိုမလိုအပ်ကြပေ။ နာမကျန်းဖြစ်သောသူတို့သာလျှင် လိုအပ်ကြ၏။ ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားတို့ကိုခေါ်ရန် ငါလာ၏”ဟု သူတို့အား မိန့်တော်မူ၏။
များစွာသောဆေးဆရာတို့ထံ၌ အလွန်ဝေဒနာခံစားရလျက် မိမိ၌ရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သည့်အကျိုးမျှမရှိသည်သာမက ရောဂါပို၍ဆိုးရွားလာသောအမျိုးသမီးတစ်ဦးသည်
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။