ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
၂ ရာချုပ် 12:2 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ ထာဝရဘုရားကိုသစ္စာမဲ့သောကြောင့် ရောဗောင်မင်းကြီးနန်းစံငါးနှစ်တွင် အီဂျစ်ဘုရင်ရှိရှက်မင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီလာ၏။ Common Language Bible သစ္စာတော်ကိုဖောက်သောကြောင့်ရောဗောင်နန်းစံ ပထမနှစ်၌ အီဂျစ်ဘုရင်ရှိရှက်သည် ယေရုရှလင်မြို့ကိုတိုက်ခိုက်လေသည်။- Garrad Bible သ စ္စာ တော် ကို ဖောက် ကျော် ကြ သော ကြောင့် ရော ဗောင် မင်း နန်း စံ ငါး နှစ် တွင် အိ ဂျစ် ဘု ရင် ရှိ ရှက် မင်း သည် စစ် ရ ထား တစ် ထောင့် နှစ် ရာ၊ မြင်း စီး သူ ရဲ ခြောက် သောင်း မှ စ၍ မ ရေ တွက် နိုင် သော လိ ဗု၊ သု ကိ၊ ကု ရှ ရဲ မက် တို့ နှင့် တ ကွ အိ ဂျစ် ပြည် မှ ချီ ထွက် လျက် Judson Bible ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရောဗောင်မင်းကြီး နန်းစံငါးနှစ်တွင်၊ |
ထိုအခါ ရှောလမုန်မင်းကြီးသည် ယေရောဗောင်ကို သတ်ဖို့ကြံစည်လေ၏။ သို့သော် ယေရောဗောင်သည် ထ၍ အီဂျစ်ပြည်သို့ထွက်ပြေးသွားပြီး အီဂျစ်ဘုရင်ရှိရှက်မင်းကြီးထံခိုဝင်ကာ ရှောလမုန်မင်းကြီးအနိစ္စရောက်သည်အထိ အီဂျစ်ပြည်တွင် နေထိုင်လေ၏။
အကြောင်းမှာ ဘုရားရှင်သည် ဆီးရီးယားတပ်သားတို့အား စစ်ရထားသံ၊ မြင်းခွာသံများဖြင့် စစ်တပ်ကြီးချီလာသောအသံကို ကြားရစေတော်မူသဖြင့် သူတို့က “ကြည့်ပါ။ အစ္စရေးဘုရင်သည် ငါတို့ကို တိုက်ခိုက်ရန် ဟိတ္တိဘုရင်၊ အီဂျစ်ဘုရင်တို့ကို စစ်ကူတောင်းပြီးချီလာလေပြီ”ဟု အချင်းချင်းပြောဆိုကြလျက်
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။
အာသမင်းကြီး၌ ယုဒအမျိုးတွင် ဒိုင်းလွှားကြီးနှင့်လှံကိုင်စွဲသူ စစ်သည်သုံးသိန်း၊ ဗင်္ယာမိန်အမျိုးတွင် ဒိုင်းလွှားငယ်ကိုင်စွဲသူနှင့် လေးသည်တော် နှစ်သိန်းရှစ်သောင်း ရှိ၏။ သူတို့အားလုံးသည် ရဲစွမ်းသတ္တိထက်မြက်သောစစ်သူရဲများ ဖြစ်ကြ၏။
ထို့နောက်တွင် အီသီယိုးပီးယားလူမျိုးဇေရသည် စစ်သည်တစ်သန်း၊ စစ်ရထားသုံးရာနှင့်ချီလာပြီး မရေရှမြို့သို့ရောက်လာရာ
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
ထိုပြည်သည် ပင်လယ်လမ်းဖြင့်လည်းကောင်း၊ ရေပြင်ပေါ်တွင် ကျူရိုးလှေများဖြင့်လည်းကောင်း သံတမန်တို့ကို စေလွှတ်သောပြည်ဖြစ်၏။ အို လျင်မြန်သောစေတမန်တို့၊ အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးထံသို့ သွားကြလော့။
သို့သော် သူတို့သည်ပုန်ကန်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဝမ်းနည်းစေခဲ့သောကြောင့် ကိုယ်တော်သည် သူတို့၏ရန်သူဖြစ်သွား၍ သူတို့ကိုတိုက်ခိုက်တော်မူ၏။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ်တို့သည် စိတ်နှလုံးဝမ်းမြောက်ပျော်ရွှင်ခြင်း ကင်းလေပြီ။ ကခုန်ခြင်းအစား ငိုကြွေးမြည်တမ်းရလေပြီ။