Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 အကျွန်ုပ်​တို့​သည် စိတ်နှလုံး​ဝမ်းမြောက်ပျော်ရွှင်​ခြင်း ကင်း​လေ​ပြီ​။ ကခုန်​ခြင်း​အစား ငိုကြွေးမြည်တမ်း​ရ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ဝမ်း​မြောက်​ရွှင်​လန်း​မှု​သည်​ကျွန်​တော်​မျိုး​တို့ ၏​ဘ​ဝ​မှ ကွယ်​ပျောက်​သွား​ပါ​ပြီ။ က​ခုန်​မှု​များ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​မှု​များ​သို့ ပြောင်း​လဲ​သွား​ပါ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15-16 ဦး ရစ် ကျ၍။ ရွှင် လန်း စိတ် ကုန် သော အ ကျွန်ုပ် တို့ သည်။ က ပွဲ အ စား အ သု ဘ ကို ရှု ရ ကြ၏။ ပြစ် မှား မိ သော ကြောင့်၊ အ ကျိုး နည်း လေ စွ တ ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ကျွန်ုပ်​တို့​သည် နှ​လုံး​ရွှင်​လန်း​ခြင်း​ပြတ်၍၊ က​ခြင်း​အ​ရာ၌ ညည်း​တွား​ခြင်း​ရှိ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:15
6 ပူးပေါင်းရင်းမြစ်များ  

ငါ့​စောင်း​သည် မြည်တမ်းသီချင်း​သီဆို​ရန်​၊ ငါ့​ပလွေ​သည်​လည်း ငိုကြွေးသီချင်း​သီဆို​ရန် ဖြစ်သွား​ရ​ပြီ​။


ကိုယ်တော်​သည် အကျွန်ုပ်​၏​မြည်တမ်း​ခြင်း​ကို ကခုန်​ခြင်း​အဖြစ်​သို့ ပြောင်းလဲ​စေ​တော်မူ​ပြီ​။ အကျွန်ုပ်​၏​လျှော်တေအဝတ်​ကို​ချွတ်​၍ ဝမ်းမြောက်​ခြင်း​အဝတ်​ကို ဝတ်ဆင်​ပေး​တော်မူ​ပြီ​။


ထာဝရဘုရား​က ‘ဝမ်းမြောက်​ရွှင်မြူး​သော​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ကြိတ်ဆုံကြိတ်သံ​၊ မီးခွက်​အလင်း​တို့​ကို​ပါ ချုပ်ငြိမ်း​စေ​မည်​။


ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ