ထာဝရဘုရားက ‘သင်တို့၏ညီအစ်ကိုတို့အား သွား၍မတိုက်ခိုက်ရ။ ကိုယ့်အိမ်သို့ အသီးသီးပြန်သွားကြလော့။ ဤအမှုသည် ငါပြုသောအမှုဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ လူတို့သည် ထာဝရဘုရားမိန့်တော်မူသည်ကို နာခံ၍ ယေရောဗောင်မင်းကြီးထံ စစ်ချီရာမှ လှည့်ပြန်သွားကြလေ၏။
သင်တို့ညီအစ်ကိုတို့ကို စစ်တိုက်ခြင်းငှာ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုကိုငါစီရင်ပြီဟု မိန့်တော်မူသော ထာဝရဘုရား၏ စကားတော်ကို နားထောင်၍၊ ယေရောဗောင်ကို စစ်မချီ၊ ပြန်သွားကြ၏။
ထို့ကြောင့် အာဗြံက လောတအား “ငါတို့သည် ဆွေမျိုးသားချင်းဖြစ်ကြသောကြောင့် ငါနှင့်သင့်ကြား၌လည်းကောင်း၊ ငါ၏တိရစ္ဆာန်ထိန်းကျောင်းသူတို့နှင့် သင်၏တိရစ္ဆာန်ထိန်းကျောင်းသူတို့ကြား၌လည်းကောင်း ခိုက်ရန်ဖြစ်ပွားခြင်းမရှိပါစေနှင့်။
သင်တို့သည် အကျွန်ုပ်ကို မကောင်းကြံစည်ခဲ့သော်လည်း ယနေ့မြင်ရသည့်အတိုင်း များစွာသောလူတို့အသက်ချမ်းသာရာရစေရန် ဘုရားသခင်သည် ကောင်းကျိုးချမ်းသာအတွက် ကြံစည်တော်မူ၏။
အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
နေဝင်ချိန်ရောက်သောအခါ “လူတိုင်း ကိုယ့်ပြည်၊ ကိုယ့်မြို့သို့ ပြန်ကြပါ”ဟူသောအော်ဟစ်သံမှာ တပ်တစ်တပ်လုံးပျံ့နှံ့သွား၏။
“ရှောလမုန်မင်းကြီး၏သားတော် ယုဒဘုရင်ရောဗောင်မင်းကြီးမှစ၍ ယုဒပြည်၊ ဗင်္ယာမိန်ပြည်ရှိ အစ္စရေးလူမျိုးအပေါင်းတို့အား
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။
နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။
ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ဆက်၍တည်ကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သင်တို့အားလုံး တစ်စိတ်တစ်သဘောတည်းရှိလျက် ကြင်နာတတ်သောသဘော၊ ညီအစ်ကိုချင်းချစ်တတ်သောသဘော၊ သနားစုံမက်တတ်သောသဘောနှင့် စိတ်နှိမ့်ချသောသဘောရှိကြလော့။