အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ရာ​ချုပ် 11:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရောဗောင်​မင်းကြီး​သည် ဒါဝိဒ်​မင်းကြီး​၏​မြေး​တော်​၊ ယေရိမုတ်​၏​သမီး​တော်​မဟာလတ်​ကို မိဖုရား​မြှောက်​၏​။ မယ်တော်​ကား ယေရှဲ​၏​မြေး ဧလျာဘ​၏​သမီး အဘိဟဲလ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ရော​ဗောင်​သည်​မ​ဟာ​လတ်​နှင့်​စုံ​ဖက်​တော်​မူ ၏။ မ​ဟာ​လတ်​၏​ခ​မည်း​တော်​သည်​ဒါ​ဝိဒ်​၏ သား​ယေ​ရိ​မုတ်​ဖြစ်​၍​မယ်​တော်​မှာ​ယေ​ရှဲ ၏​မြေး၊ ဧ​လျာ​ဘ​၏​သ​မီး​အ​ဘိ​ဟဲ​လ ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ရော ဗောင် မင်း သည် ဒါ ဝိဒ် မင်း သား တော် ယေ ရိ မုတ် နှင့် ယေ ရှဲ မြေး၊ ဧ လျာ ဘ သ မီး အ ဘိ ဟဲ လ တို့ ရ သော သ မီး မ ဟာ လတ် ကို မိ ဖု ရား မြှောက် ၍

အခန်းကိုကြည့်ပါ။

Judson Bible

ရော​ဗောင်​သည်​လည်း ဒါ​ဝိဒ်​သား ယေ​ရိ​မုတ်​သ​မီး မ​ဟာ​လတ်၊ ယေ​ရှဲ​သား ဧ​လျာ​ဘ​သ​မီး အ​ဘိ​ဟဲ​လ​နှင့် စုံ​ဖက်၍၊

အခန်းကိုကြည့်ပါ။



၂ ရာ​ချုပ် 11:18
6 ပူးပေါင်းရင်းမြစ်များ  

ယေရှဲ​သည် သားဦး ဧလျာဘ​၊ ဒုတိယ​သား အဘိနဒပ်​၊ တတိယ​သား ရှိမာ​၊


ယုဒ​အမျိုး​တွင် ဒါဝိဒ်​မင်းကြီး​၏​အစ်ကို ဧလိဟု​၊ ဣသခါ​အမျိုး​တွင် မိက္ခေလ​၏​သား​ဩမရိ​၊


မဟာလတ်​သည် သား​တော် ယုရှ​၊ ရှေမရိ​၊ ဇာဟံ တို့​ကို မွေးဖွား​၏​။


သူ​တို့​ရောက်လာ​ကြ​သောအခါ ရှမွေလ​သည် ဧလျာဘ​ကို​မြင်​လျှင် “​ထာဝရဘုရား ဘိသိက်ပေး​မည့်​သူ​သည် ရှေ့မှောက်​တော်​သို့ ရောက်​ပြီ​”​ဟု တွေး​၏​။


ယေရှဲ​၏​သား​အကြီး​သုံး​ယောက်​တို့​သည် ရှောလု​မင်းကြီး​နောက်​လိုက်​သော​စစ်မှုထမ်း​များ ဖြစ်​ကြ​၏​။ ထို​စစ်မှုထမ်း​သော သား​သုံး​ယောက်​၏​အမည်​မှာ သားဦး​ဧလျာဘ​၊ ဒုတိယ​သား​အဘိနဒပ်​နှင့် တတိယ​သား​ရှမ္မ ဖြစ်​၏​။


ထိုသို့ ဒါဝိဒ်​နှင့်​လူ​တို့ ပြောဆို​နေ​ကြ​သည်​ကို ဒါဝိဒ်​၏​အစ်ကို​အကြီးဆုံး​ဖြစ်​သူ ဧလျာဘ​ကြားသိ​လျှင် ဒါဝိဒ်​ကို​အမျက်ထွက်​၍ “​သင် အဘယ်ကြောင့် ဤ​နေရာ​သို့ ဆင်းလာ​သနည်း​။ တောကန္တာရ​မှ သိုး​အနည်းငယ်​ကို မည်သူ​နှင့် ထားခဲ့​သနည်း​။ သင်​၌​မာန်မာန​ရှိ​ကြောင်း​၊ မကောင်း​သော​စိတ်ကူး​ရှိ​နေ​ကြောင်း ငါ​သိ​၏​။ တိုက်ပွဲ​ကို ကြည့်​လို​၍ သင်​လာ​ခဲ့​သည်​မ​ဟုတ်​လော​”​ဟု သူ့​အား ပြောဆို​လေ​၏​။