၂ ရာ 7:7 - မြန်မာ့စံမီသမ္မာကျမ်း
အစ္စရေးအမျိုးသားအပေါင်းတို့နှင့် လှည့်လည်သွားလာလေရာရာ၌ ငါ့လူမျိုးတော်အစ္စရေးတို့ကိုအုပ်ထိန်းရန် ငါခန့်အပ်ထားသောအစ္စရေးအမျိုးအနွယ်တစ်ဦးဦးအား အဘယ်ကြောင့် ငါ့အဖို့ သစ်ကတိုးသားအိမ် မဆောက်ပေးသနည်း’ဟု ငါတစ်ခွန်းမျှမိန့်ဆိုဖူးသလော။
အခန်းကိုကြည့်ပါ။
ယင်းသို့မိမိ၏လူမျိုးတော်နှင့်လှည့်လည်တော် မူခဲ့စဉ်အဘယ်အခါ၌မျှ ငါသည်မိမိခန့် ထားသောခေါင်းဆောင်တို့အား`သင်တို့အဘယ် ကြောင့်ငါ၏အတွက်သစ်ကတိုးသားဗိမာန် တော်ကိုဆောက်လုပ်၍မပေးကြသနည်း' ဟု မေးတော်မမူခဲ့။-
အခန်းကိုကြည့်ပါ။
ဣ သ ရေ လ အ မျိုး သား တို့ နှင့် အ တူ ငါ ကြွ ချီ ရာ အ ရပ် ရပ်၌ ငါ စံ နေ ရန် သစ် က တိုး ဗိ မာန် ကို အ ဘယ် ကြောင့် မ တည် မ ဆောက် သ နည်း ဟူ၍ ဣ သ ရေ လ လူ မျိုး တော် ကို အုပ် ထိန်း ရန် ခန့် ထား သော ဣ သ ရေ လ တ ရား မင်း တစ် ဦး တစ် ယောက် အား မိန့် ဆို ဘူး သ လော ဟု မိန့် တော် မူ ကြောင်း ဆင့် ဆို ရ မည့် ပြင်၊
အခန်းကိုကြည့်ပါ။
ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူ ဣသရေလအမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည်ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။
အခန်းကိုကြည့်ပါ။