တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
၂ ရာ 7:1 - မြန်မာ့စံမီသမ္မာကျမ်း ရှင်ဘုရင်သည် နန်းတော်၌ အေးချမ်းစွာစံမြန်းနေရ၍ ထာဝရဘုရားသည် သူ့အား ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့၏ဘေးရန်မှ ကင်းငြိမ်းစေသောအခါ Common Language Bible ယခုအခါဒါဝိဒ်မင်းသည်နန်းတော်တွင် ငြိမ်းချမ်းစွာနေရသောအခါ ထာဝရ ဘုရားသည်ဒါဝိဒ်မင်းအားရန်သူအပေါင်း တို့ဘေးမှကင်းဝေးစေတော်မူသဖြင့်၊- Garrad Bible ထို နောက် ထာ ဝ ရ ဘု ရား သည် ဘု ရင် မင်း ကို ဝန်း ဝိုင်း သော ရန် သူ ဟူ သ မျှ ကင်း ငြိမ်း စေ တော် မူ သည့် အ တိုင်း နန်း တော် တွင် စံ နေ ရ သော အ ခါ Judson Bible ထာဝရဘုရားသည် အရပ်ရပ်တို့၌ရှိသော ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်တော်မူသောကျေးဇူးကို ရှင်ဘုရင်သည်ခံရ၍၊ နန်းတော်၌ငြိမ်ဝပ်စွာ နေရသောအခါ။ |
တိုင်ရာဘုရင်ဟိရံမင်းကြီးသည်လည်း သစ်ကတိုးသားများနှင့်တကွ လက်သမားများ၊ ကျောက်ဆစ်သမားများနှင့် တမန်တို့ကိုဒါဝိဒ်မင်းကြီးထံ စေလွှတ်၏။ သူတို့သည် ဒါဝိဒ်မင်းကြီးအဖို့ နန်းတော်ကို တည်ဆောက်ပေးကြ၏။
ထို့ကြောင့် ရှောလုမင်းကြီး၏သမီးတော် မိခါလသည် သေသည်အထိ သားသမီး မထွန်းကားခဲ့ပေ။
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
ယခုမှာ အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားသည် အကျွန်ုပ်လက်ထက်တွင် အေးချမ်းသာယာစေသဖြင့် အကျွန်ုပ်ပတ်လည်တွင် ရန်ပြုသူမရှိ၊ ဘေးအန္တရာယ်လည်း မရှိပါ။
ထို့နောက် သားတော်ရှောလမုန်ကို ခေါ်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအဖို့ အိမ်တော်ကိုတည်ဆောက်ရမည့်အကြောင်း မိန့်မှာခဲ့၏။
ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “ငါ့သား၊ ငါ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ အိမ်တော်ကိုတည်ဆောက်ဖို့ ငါစိတ်ဆန္ဒပြင်းပြလှ၏။
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရပ်လျက် “ငါ့ညီအစ်ကိုတို့၊ ငါ့လူမျိုးတို့၊ နားထောင်ကြလော့။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်တည်ရာနေရာ၊ ငါတို့ဘုရားသခင်၏ခြေတော်တင်ရာနေရာကို ဆောက်လုပ်ရန် ငါဆန္ဒရှိခဲ့၏။ ထိုသို့တည်ဆောက်ရန်လည်း ငါပြင်ဆင်ခဲ့ပြီ။
ယုဒပြည်တွင် ခံတပ်မြို့များကို တည်ဆောက်၏။ ထာဝရဘုရားသည် သူ့ကို ငြိမ်းချမ်းခြင်းပေးသောကြောင့် ထိုကာလအတွင်း မည်သည့်စစ်ပွဲမျှမရှိဘဲ တိုင်းပြည် အေးချမ်းသာယာလေ၏။
ယောရှဖတ်မင်းကြီး၏နိုင်ငံတော်ဝန်းကျင်အရပ်ရပ်တို့၌ သူ၏ဘုရားသခင်သည် ငြိမ်းချမ်းခြင်းကို ပေးတော်မူသဖြင့် နိုင်ငံတော်အေးချမ်းသာယာလျက်ရှိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏စွမ်းပကားဖြစ်တော်မူသောကိုယ်တော်ကို အကျွန်ုပ်မြတ်နိုးပါ၏။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
ဒါဝိဒ်သည် ဘုရားသခင်၏ရှေ့တော်၌ ကျေးဇူးတော်ခံစားရ၍ ယာကုပ်၏ဘုရားစံမြန်းတော်မူရာအရပ်ကိုပြင်ဆင်နိုင်ရန် တောင်းလျှောက်ခဲ့၏။
ထာဝရဘုရားသည် သူတို့၏ဘိုးဘေးတို့အား ကျိန်ဆိုခဲ့သည့်အတိုင်း သူတို့နေလေရာရာ၌ အေးအေးချမ်းချမ်းနေထိုင်ရသောအခွင့်ကို ပေးတော်မူ၏။ သူတို့ရှေ့တွင် မည်သည့်ရန်သူမျှ မခံရပ်နိုင်။ ထာဝရဘုရားသည် သူတို့၏ရန်သူရှိသမျှကို သူတို့လက်သို့အပ်တော်မူ၏။
ထို့နောက် ထာဝရဘုရားသည် အစ္စရေးလူမျိုးအား ပတ်ဝန်းကျင်ရှိ ရန်သူအပေါင်းတို့၏ဘေးမှ ကာလအတန်ကြာ ကင်းငြိမ်းစေတော်မူ၏။ ယောရှုသည်လည်း အသက်အရွယ်ကြီးရင့်လာ၏။