ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။
၂ ရာ 6:3 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏သေတ္တာတော်ကို လှည်းအသစ်ပေါ်တွင်တင်ပြီး တောင်ကုန်းပေါ်ရှိအဘိနဒပ်အိမ်မှ သယ်ဆောင်လာကြ၏။ အဘိနဒပ်၏သား ဩဇနှင့်အဟိဩတို့သည် ထိုလှည်းသစ်ကိုမောင်းနှင်ပေးကြ၏။ Common Language Bible သူတို့သည်သေတ္တာတော်ကိုလှည်းသစ်တစ်စီး တွင်တင်၍ တောင်ကုန်းပေါ်တွင်ရှိသောအဘိ နဒပ်၏အိမ်မှပင့်ဆောင်သွားကြ၏။ အဘိ နဒပ်၏သားများဖြစ်ကြသောသြဇနှင့် အဟိသြတို့သည်ပဋိညာဉ်သေတ္တာတော် လှည်းကိုမောင်းနှင်ရကြ၏။- Garrad Bible ကုန်း ပေါ် ရှိ အ ဘိ န ဒပ် အိမ် ထဲ မှ ဘု ရား သ ခင့် သေ တ္တာ တော် ကို လှည်း သစ် ပေါ် တွင် တင်၍ ပင့် ဆောင် ရာ အ ဘိ န ဒပ် ၏ သား၊ သြ ဇ နှင့် အ ဟိ သြ တို့ သည် ထို လှည်း ကို မောင်း နှင် ရ ကြ ၏။ Judson Bible ဘုရားသခင်၏ သေတ္တာတော်ကို လှည်းသစ်ပေါ်မှာတင်၍ တောင်ပေါ် အဘိနဒပ်အိမ်ထဲက ထုတ်ကြ၏။ အဘိနဒပ်၏သား ဩဇနှင့် အဟိဩတို့သည် လှည်းသစ်ကိုနှင်ရကြ၏။ |
ယခင်က သေတ္တာတော်ကိုသယ်ဆောင်ရာတွင် သင်တို့မပါခဲ့၊ ငါတို့လည်း စီရင်ထုံးဖွဲ့ချက်အတိုင်း မမေးလျှောက်ဘဲ သယ်ဆောင်ခဲ့သောကြောင့် ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ဒဏ်ခတ်တော်မူခဲ့ပြီ”ဟု မိန့်ဆို၏။
ကြည့်ရှုလော့။ ဤအရာကို ဧဖရတ်အရပ်တွင် ငါတို့ကြား၍ ယာအာတောထဲတွင် တွေ့ခဲ့ကြပြီ။
ယခု လှည်းအသစ်တစ်စီး ပြုလုပ်ပါ။ သားပေါက်ရှိပြီး ထမ်းပိုးမတင်ဖူးသေးသောနွားမနှစ်ကောင်ကို ယူ၍ ထိုနွားမတို့ကိုလှည်း၌ ကပါ။ နွားသားပေါက်များကိုမူ နွားခြံ၌ ပြန်ထားပါ။
ကိရယတ်ယာရိမ်မြို့သားတို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို လာရောက်ယူဆောင်သွားကြပြီး တောင်ပေါ်ရှိအဘိနဒပ်အိမ်၌ ထားကြ၏။ ထာဝရဘုရား၏သေတ္တာတော်ကိုစောင့်ရှောက်ရန် အဘိနဒပ်၏သားဧလာဇာအား သန့်ရှင်းခြင်းဝတ်ကိုပြုပေးကြ၏။