၂ ရာ 6:21 - မြန်မာ့စံမီသမ္မာကျမ်း
ဒါဝိဒ်မင်းကြီးကလည်း မိခါလအား “ထာဝရဘုရားရှေ့တော်တွင် ငါ ကခုန်ခြင်းဖြစ်၏။ ထာဝရဘုရား၏လူမျိုးတော်အစ္စရေးတို့အား အုပ်စိုးမည့်သူကို သင့်ဖခင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ထဲမှမရွေးကောက်ဘဲ ငါ့ကို ရွေးကောက်ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ငါပျော်မြူးမည်။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်က``ငါ့အားသင့်ခမည်းတော်နှင့်သား မြေးတို့ကိုကျော်၍ ဣသရေလအမျိုးသား တို့၏ခေါင်းဆောင်အဖြစ်ခန့်အပ်ရွေးချယ် တော်မူသောထာဝရဘုရား၏ဂုဏ်တော်ကို ချီးကူးရန်ငါသည်ကခုန်နေခဲ့ခြင်းဖြစ်၏။ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးကူး ရန်နောင်ကိုလည်းဆက်လက်ကခုန်လျက်၊-
အခန်းကိုကြည့်ပါ။
ဒါ ဝိဒ် မင်း က ထာ ဝ ရ ဘု ရား၏ လူ မျိုး တော် ဖြစ် သော ဣ သ ရေ လ အ ပေါ် တွင် မင်း အ ဖြစ် ဖြင့် သင့် ခ မည်း တော် နှင့် ဆွေ တော် မျိုး တော် တို့ အ စား ငါ့ ကို ရွေး ချယ် တော် မူ သော ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ငါ က ခုန် ပေ၏။ ထို ထက် မ က၊ မ ခန့် မ ညား ခံ သင့် အောင် ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် တီး မှုတ် ဦး မည်။ ငါ့ စိတ် ရင်း အ တိုင်း ယုတ် မာ သော် လည်း သင် ပြော သော ကျွန် မိန်း မ တို့ ကား ငါ့ ကို ချီး မွမ်း ကြ လိမ့် မည် ဟု မိ ခါ လ အား ပြန် ဆို၏။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်ကလည်း၊ သင့်အဘနှင့် သူ၏အဆွေအမျိုးအပေါင်းတို့၏ကိုယ်စား၊ ငါ့ကိုရွေးကောက်၍ ထာဝရဘုရား၏လူ၊ ဣသရေလအမျိုးကို အုပ်စိုးသောမင်းအရာ၌ ခန့်ထားတော်မူသော ထာဝရဘုရားရှေ့တော်တွင် ပြုသည်မဟုတ်လော။ ထာဝရဘုရားရှေ့တော်တွင် ငါကခုန်မည်။
အခန်းကိုကြည့်ပါ။