လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
၂ ရာ 5:1 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်အပေါင်းတို့သည် ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ လာ၍ “အကျွန်ုပ်တို့သည် အရှင်၏အရိုး၊ အရှင်၏အသားများ ဖြစ်ကြပါ၏။ Common Language Bible ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။- Garrad Bible ထို နောက် ဟေ ဗြုန် မြို့ ရှိ ဒါ ဝိဒ် မင်း ထံ ဣ သ ရေ လ အ မျိုး အ နွယ် အ ပေါင်း တို့ လာ ရောက်၍ ကျွန် တော် တို့ သည် အ ရှင့် အ ရိုး အ သား စင် စစ် ဖြစ် ကြ ပါ ၏။ Judson Bible ထိုအခါ ဣသရေလအမျိုးအနွယ် အပေါင်းတို့သည် ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့လာ၍၊ ကျွန်တော်တို့သည် ကိုယ်တော်အရိုး၊ ကိုယ်တော်အသားဖြစ်ကြပါ၏။ |
လာဗန်ကလည်း “သင်သည် အမှန်ပင် ငါ၏သွေးရင်းသားရင်းဖြစ်၏”ဟု ဆို၏။ ယာကုပ်သည် လာဗန်နှင့်အတူ တစ်လနေထိုင်ပြီးနောက်
ငါ့ညီအစ်ကို၊ ငါ့အရိုးအသားဖြစ်သောသင်တို့သည် ရှင်ဘုရင်ကို နန်းတော်သို့ပြန်လည်ခေါ်ဆောင်ရန် အဘယ်ကြောင့် နောက်ကျနေရသနည်း’ဟု ပြောလော့။
အာမသကိုလည်း ‘သင်သည် ငါ့အရိုးအသား ဖြစ်သည်မဟုတ်လော။ ယွာဘအစား သင့်ကို အမြဲတမ်းစစ်ဗိုလ်ချုပ်အဖြစ် ခန့်အပ်ပြီ။ ထိုသို့မပြုလျှင် ဘုရားသခင်သည် ငါ့အား ထိုထက်မကပြုတော်မူပါစေသော’ဟူ၍ ပြောကြားလော့”ဟု မှာလိုက်လေ၏။
ဤသို့ ရှင်ဘုရင်သည် ယုဒအမျိုးသားအပေါင်းတို့၏စိတ်နှလုံးကို တစ်ပေါင်းတစ်စည်းတည်း သိမ်းသွင်းနိုင်ခဲ့သဖြင့် သူတို့ကလည်း ရှင်ဘုရင်ထံ “အရှင်မင်းကြီးနှင့်တကွ မင်းမှုထမ်းအပေါင်းတို့ ပြန်လာကြပါ”ဟု လျှောက်တင်စေကြ၏။
အစ္စရေးအမျိုးသားတို့ကလည်း ယုဒအမျိုးသားတို့အား “ရှင်ဘုရင်၌ ငါတို့ဝေစုဆယ်စုရှိ၏။ ထို့ကြောင့် သင်တို့နှင့်ယှဉ်လျှင် ငါတို့သည် ဒါဝိဒ်မင်းကြီးနှင့်ပို၍စပ်ဆိုင်၏။ အဘယ်ကြောင့် ငါတို့ကို မထီလေးစားပြုရသနည်း။ ငါတို့ဘုရင်ကို ငါတို့ အဦးဆုံးပြန်ခေါ်ရမည်မဟုတ်လော”ဟု ပြန်ပြောကြ၏။ သို့သော် ယုဒအမျိုးသားတို့၏စကားသည် အစ္စရေးအမျိုးသားတို့၏စကားထက် ပို၍ခိုင်မာ၏။
ထို့နောက်တွင် အာသဟေလအလောင်းကို သူ့ဖခင်သင်္ချိုင်းရှိရာ ဗက်လင်မြို့သို့ သယ်သွားပြီး သင်္ဂြိုဟ်ကြ၏။ ထို့နောက် ယွာဘနှင့်သူ့လူတို့သည် ညတွင်းချင်းပြန်လာကြရာ မိုးလင်းမှ ဟေဗြုန်မြို့သို့ ပြန်ရောက်ကြ၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောသူကိုသာ သင့်ကိုအုပ်စိုးမည့်ဘုရင်အဖြစ် တင်မြှောက်ရမည်။ ဘုရင်အဖြစ် သင်တင်မြှောက်သောသူသည် သင်၏အမျိုးသားချင်းထဲမှဖြစ်ရမည်။ သင်၏အမျိုးသားချင်းမဟုတ်သော တစ်ပါးအမျိုးသားကို တင်မြှောက်ခွင့်မရှိ။
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
ထို့နောက် ယောရှုနှင့်အစ္စရေးစစ်သည်အပေါင်းတို့သည် ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီတက်ကာ ထိုမြို့ကိုတိုက်ခိုက်၏။
“ ‘သင်တို့ကို ယေရုဗ္ဗာလ၏သား အယောက်ခုနစ်ဆယ်အုပ်စိုးသည်က ပိုကောင်းသလော။ သို့မဟုတ် တစ်ဦးတည်းအုပ်စိုးသည်က ပိုကောင်းသလော’ဟူ၍ ရှေခင်မြို့သားအပေါင်းတို့အား ပြောကြားလော့။ ငါသည် သင်တို့၏သွေးရင်းသားရင်းဖြစ်သည်ကို သတိရကြပါ”ဟု ဆို၏။