ရေခပ်နှင့်ဗာနာ ညီအစ်ကိုနှစ်ဦးသည် ဂျုံစပါးယူသူအယောင်ဆောင်ပြီး အိမ်အတွင်းခန်းသို့ဝင်ကာ ဣရှဗောရှက်မင်းကြီး၏ဝမ်းကို ထိုးပြီးလျှင် ထွက်ပြေးသွားကြ၏။
တံခါးဝတွင်ရှိသောအမျိုးသမီးသည်လည်း ဂျုံဆန်ကိုဆန်ကာချရင်း ငိုက်မြည်းအိပ်ပျော် လျက်နေ၏။ ထို့ကြောင့်ရေခပ်နှင့်ဗာနာတို့ သည်အိမ်ထဲသို့တိတ်တဆိတ်ဝင်ကြ၏။-
ထိုညီအစ်ကို ရေခပ်နှင့်ဗာနာတို့သည် စပါးကိုထုတ်ဟန်ဆောင်၍ အိမ်အလယ်သို့ဝင်ပြီးလျှင်၊
အာသဟေလသည် ပြန်မလှည့်ဘဲဆက်၍လိုက်နေသောကြောင့် အာဗနာသည် သူ့ကို လှံဖြင့် နောက်ပြန်ထိုးလိုက်ရာ လှံသည် ဝမ်းဗိုက်မှ နောက်ကျောအထိ ထုတ်ချင်းပေါက်သွားပြီး သူသည် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားလေ၏။ အာသဟေလ လဲကျသေဆုံးသောနေရာသို့ ရောက်လာသူအားလုံးလည်း ရပ်တန့်သွားကြ၏။
အာမသသည် ယွာဘလက်၌ ဓားကိုင်ထားသည်ကို သတိမထားမိ။ ယွာဘက အာမသ၏ဗိုက်ကို ဓားနှင့်ထိုးလိုက်သဖြင့် အာမသသည် အူများမြေပေါ်သို့ ထွက်ကျ၍ နောက်တစ်ချက်မထိုးရဘဲ သေလေ၏။ ထို့နောက် ယွာဘနှင့်သူ့ညီ အဘိရှဲသည် ဗိခရိ၏သား ရှေဘကို ဆက်လိုက်ကြ၏။
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ရှောလုမင်းကြီး၏သားတွင် စစ်သူရဲအကြီးအကဲနှစ်ဦးရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုးသား၊ ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားများဖြစ်ကြ၏။ တစ်ယောက်၏အမည်မှာ ဗာနာဖြစ်၍ နောက်တစ်ယောက်၏အမည်မှာ ရေခပ်ဖြစ်၏။ ဗေရုတ်မြို့အား ဗင်္ယာမိန်အပိုင်ဟု သတ်မှတ်ထား၏။
မင်းမှုထမ်းတို့ စောင့်နေကြစဉ်တွင် ဧဟုဒသည် ရုပ်တုများကို ကျော်လွန်၍ စိရပ်အရပ်သို့ပင် ထွက်ပြေးလွတ်မြောက်သွားလေပြီ။