တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
၂ ရာ 4:5 - မြန်မာ့စံမီသမ္မာကျမ်း ဗေရောသိလူမျိုး ရိမ္မုန်၏သား ရေခပ်နှင့်ဗာနာတို့သည် ဣရှဗောရှက်မင်းကြီး၏အိမ်သို့လာကြရာ နေ့လယ် ပူပြင်းသောအချိန်တွင် ရောက်ကြ၏။ ဣရှဗောရှက်မင်းကြီးမှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်လျက်နေ၏။ Common Language Bible ရေခပ်နှင့်ဗာနာတို့သည်ဣရှဗောရှက်၏အိမ် တော်သို့သွားရာ ဣရှဗောရှက်နေ့လယ်အိပ် စက်အနားယူနေချိန်မွန်းတည့်ခန့်၌ရောက် ရှိလာကြ၏။- Garrad Bible တစ် နေ့ သ၌ ဣ ရှ ဗော ရှက် မင်း သည် နေ့ လယ် အ ချိန် အိမ် နိမ့် တွင် စက် တော် ခေါ် စဉ် တံ ခါး စောင့် မိန်း မ လည်း ဂျုံ စ ပါး ထောင်း လျက် ငိုက် မျဉ်း နေ ရာ၊ ဗေ ရုတ် မြို့ နေ ရိ မ္မုန်၏ သား၊ ရေ ခပ် နှင့် ဗာ နာ ညီ အစ် ကို တို့ သည် အိမ် နိမ့် သို့ ရောက် လာ လျှိုး ဝင် သ ဖြင့် Judson Bible ဗေရောသိအမျိုး ရိမ္မုန်၏သားရေခပ်နှင့် ဗာနာတို့သည် ဣရှဗောရှက်အိမ်သို့သွား၍ မွန်းတည့်အချိန်၌ရောက်၏။ ထိုအချိန်၌ ဣရှဗောရှက်သည် အိပ်တတ်၏။ |
တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ရှောလုမင်းကြီး၏သားတွင် စစ်သူရဲအကြီးအကဲနှစ်ဦးရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုးသား၊ ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားများဖြစ်ကြ၏။ တစ်ယောက်၏အမည်မှာ ဗာနာဖြစ်၍ နောက်တစ်ယောက်၏အမည်မှာ ရေခပ်ဖြစ်၏။ ဗေရုတ်မြို့အား ဗင်္ယာမိန်အပိုင်ဟု သတ်မှတ်ထား၏။
သူ၏အမှုထမ်း စစ်ရထားတပ်တစ်ဝက်၏တပ်မှူးဇိမရိသည် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်၏။ ဧလာမင်းကြီးသည် တိရဇာမြို့ရှိ တိရဇာနန်းတော်အုပ်အာဇ၏အိမ်၌ သောက်စားယစ်မူးနေစဉ်
သူတို့ ပြန်သွားသောအခါ ယောရှမင်းကြီးကို ဒဏ်ရာအပြင်းအထန်နှင့်ထားခဲ့၏။ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ်ယောယဒ၏သားကို သတ်သောအပြစ်ကြောင့် သူ၏အမှုထမ်းတို့သည် သူ့ကိုလုပ်ကြံ၍အိပ်ရာထက်တွင်ပင် သူ့ကိုကွပ်မျက်လိုက်ကြ၏။ ထို့ကြောင့် သူသည် အနိစ္စရောက်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်သော်လည်း ရှင်ဘုရင်သင်္ချိုင်းတွင် မသင်္ဂြိုဟ်ကြချေ။
အာမဇိမင်းကြီးသည် ထာဝရဘုရားကိုကျောခိုင်းသွားပြီးနောက် ဂျေရုဆလင်မြို့တွင် သူ့ကိုလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြသဖြင့် သူသည် လာခိရှမြို့သို့ ထွက်ပြေးသွား၏။ သို့သော် လာခိရှမြို့အထိ လူကိုစေလွှတ်၍ ထိုအရပ်၌ သူ့ကို ကွပ်မျက်ကြ၏။
အာမုန်မင်းကြီး၏အမှုထမ်းတို့သည်လည်း လျှို့ဝှက်ကြံစည်ကြပြီး သူ့ကို နန်းတွင်း၌ပင် ကွပ်မျက်ကြလေ၏။