သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
၂ ရာ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။ Common Language Bible ရှောလု၏သားယောနသန်တွင်မေဖိဗောရှက် ဟုနာမည်တွင်သောသားတစ်ယောက်ကျန်ရစ်၏။ အသက်ငါးနှစ်ရှိသောသားငယ်ကိုအထိန်း တော်သည်ယေဇရေလမြို့မှ ရှောလုနှင့်ယော နသန်တို့အသတ်ခံရကြောင်းသတင်းကို ကြားလျှင်သူ့အားချီပွေ့၍ထွက်ပြေးလေ သည်။ သို့ရာတွင်အလျင်အမြန်ပြေးရသည့် အတွက်ကလေးသည်အထိန်းတော်၏လက် မှလွတ်ကျသဖြင့်ခြေဆွံ့လေ၏။ Garrad Bible ရှော လု မင်း သား တော် ယော န သန်၌ လည်း ခြေ ဆွံ သော သား တစ် ယောက် ကျန် ရစ် ၏။ ယေ ဇ ရေ လ ချိုင့် တွင် ရှော လု မင်း နှင့် ယော န သန် အ ဖြစ် အ ပျက် သ တင်း ရောက် သော်၊ အ ထိန်း တော် သည် ငါး နှစ် ရွယ် ရှိ သော ထို သား တော် ကို အ လန့် တ ကြား ချီ ပြေး စဉ် တွင် လွတ် ကျ သ ဖြင့် ခြေ ဆွံ့ လေ၏။ အ မည် ကား မေ ဖိ ဗော ရှက် တည်း။ Judson Bible ရှောလု၏သားယောနသန်၌ ခြေဆွံ့သော သားတစ်ယောက်ရှိရစ်၏။ သူသည် အသက်ငါးနှစ်ရှိသောအခါ၊ ယေဇရေလမြို့မှ ရှောလုနှင့် ယောနသန်တို့၏သတင်းကိုကြားလျှင်၊ အထိန်းသည် သူ့ကိုချီ၍ပြေးစဉ်တွင်၊ အလျင်အမြန်ပြေးသောကြောင့်၊ သူငယ်သည်ကျ၍ခြေဆွံ့၏။ ထိုသူငယ်၏အမည်ကား မေဖိဗောရှက်တည်း။ |
သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
ခြေနှစ်ဖက်စလုံးမသန်စွမ်းသော မေဖိဗောရှက်သည် ဂျေရုဆလင်မြို့တွင်နေထိုင်ပြီး ဘုရင်၏စားပွဲ၌ အမြဲအတူစားသောက်ခွင့်ရလေ၏။
ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
ထိုစဉ်က ဟာဒဒ်သည် အသက်ငယ်သေး၏။ ဟာဒဒ်သည် ခမည်းတော်၏အမှုထမ်း ဧဒုံအမျိုးသားအချို့နှင့်အတူ အီဂျစ်ပြည်သို့ထွက်ပြေးသွားခဲ့၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။
ထို့ကြောင့် ဒါဝိဒ်သည် နံနက်စောစောထ၍ သူနှင့် သူ့နောက်လိုက်တို့သည် ဖိလိတ္တိပြည်သို့ ပြန်သွားကြ၏။ ဖိလိတ္တိလူမျိုးတို့ကား ယေဇရေလမြို့သို့ ချီသွားကြ၏။