၂ ရာ 9:3 - မြန်မာ့စံမီသမ္မာကျမ်း3 ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ အခန်းကိုကြည့်ပါ။Common Language Bible3 မင်းကြီးက``ငါသည်ထာဝရဘုရားအလို တော်အတိုင်း ကျေးဇူးသစ္စာစောင့်သူဖြစ်ကြောင်း ပြသနိုင်ရန် ရှောလုမိသားစုမှကျန်ကြွင်းနေ သူတစ်စုံတစ်ယောက်ရှိပါသေးသလော'' ဟု မေးတော်မူလျှင်၊ ဇိဘက``ယောနသန်၏သားတစ်ယောက်ကျန် ရှိနေပါသေးသည်။ သူသည်ခြေဆွံ့၍နေပါ သည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ဘု ရင် မင်း က လည်း ဘု ရား သ ခင့် ကျေး ဇူး တော် အ တိုင်း ငါ ပြု စု ရန် ရှော လု မင်း ဆွေ တော် မျိုး တော် တစ် ဦး တစ် ယောက် မျှ မ ကျန် သ လော ဟု မေး သော အ ခါ ယော န သန့် သား၊ ခြေ ဆွံ့ သူ တစ် ယောက် ရှိ ပါ သေး သည် ဟု ဇိ ဘ တင် လျှောက် ရာ အခန်းကိုကြည့်ပါ။Judson Bible3 ရှင်ဘုရင်ကလည်း၊ ဘုရားသခင့်အလိုတော်အတိုင်း ငါကျေးဇူးပြုစရာ အခွင့်ရှိစေခြင်းငှာ၊ ရှောလုအဆွေအမျိုး တစ်စုံတစ်ယောက်မျှ မရှိသလောဟု မေးလျှင် ဇိဘက၊ ယောနသန်၌ ခြေဆွံ့သောသားတစ်ယောက် ရှိပါသေး၏ဟု လျှောက်သော်၊ အခန်းကိုကြည့်ပါ။ |
ရှောလုမင်းကြီး၏သား ယောနသန်၌ ခြေမသန်သောသားတစ်ဦးရှိ၏။ ယေဇရေလမြို့မှ ရှောလုမင်းကြီးနှင့်ယောနသန်၏သတင်းရောက်လာချိန်၌ ထိုသားသည် အသက်ငါးနှစ်သာရှိသေး၏။ ထိုသတင်းကြောင့် သူ့အထိန်းတော်သည် သူ့ကိုပွေ့ချီလျက် အလန့်တကြားထွက်ပြေးရာမှ ထိုကလေးပြုတ်ကျပြီး ခြေမသန်ဖြစ်ရခြင်းဖြစ်၏။ ထိုကလေး၏အမည်မှာ မေဖိဗောရှက်ဖြစ်၏။