Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ 4:4 - Common Language Bible

4 ရှော​လု​၏​သား​ယော​န​သန်​တွင်​မေ​ဖိ​ဗော​ရှက် ဟု​နာ​မည်​တွင်​သော​သား​တစ်​ယောက်​ကျန်​ရစ်​၏။ အ​သက်​ငါး​နှစ်​ရှိ​သော​သား​ငယ်​ကို​အ​ထိန်း တော်​သည်​ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့်​ယော န​သန်​တို့​အ​သတ်​ခံ​ရ​ကြောင်း​သ​တင်း​ကို ကြား​လျှင်​သူ့​အား​ချီ​ပွေ့​၍​ထွက်​ပြေး​လေ သည်။ သို့​ရာ​တွင်​အ​လျင်​အ​မြန်​ပြေး​ရ​သည့် အ​တွက်​က​လေး​သည်​အ​ထိန်း​တော်​၏​လက် မှ​လွတ်​ကျ​သ​ဖြင့်​ခြေ​ဆွံ့​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ရှော လု မင်း သား တော် ယော န သန်၌ လည်း ခြေ ဆွံ သော သား တစ် ယောက် ကျန် ရစ် ၏။ ယေ ဇ ရေ လ ချိုင့် တွင် ရှော လု မင်း နှင့် ယော န သန် အ ဖြစ် အ ပျက် သ တင်း ရောက် သော်၊ အ ထိန်း တော် သည် ငါး နှစ် ရွယ် ရှိ သော ထို သား တော် ကို အ လန့် တ ကြား ချီ ပြေး စဉ် တွင် လွတ် ကျ သ ဖြင့် ခြေ ဆွံ့ လေ၏။ အ မည် ကား မေ ဖိ ဗော ရှက် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ရှော​လု၏​သား​ယော​န​သန်၌ ခြေ​ဆွံ့​သော သား​တစ်​ယောက်​ရှိ​ရစ်၏။ သူ​သည် အ​သက်​ငါး​နှစ်​ရှိ​သော​အ​ခါ၊ ယေ​ဇ​ရေ​လ​မြို့​မှ ရှော​လု​နှင့် ယော​န​သန်​တို့၏​သ​တင်း​ကို​ကြား​လျှင်၊ အ​ထိန်း​သည် သူ့​ကို​ချီ၍​ပြေး​စဉ်​တွင်၊ အ​လျင်​အ​မြန်​ပြေး​သော​ကြောင့်၊ သူ​ငယ်​သည်​ကျ၍​ခြေ​ဆွံ့၏။ ထို​သူ​ငယ်၏​အ​မည်​ကား မေ​ဖိ​ဗော​ရှက်​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ရှောလု​မင်းကြီး​၏​သား ယောနသန်​၌ ခြေမသန်​သော​သား​တစ်​ဦး​ရှိ​၏​။ ယေဇရေလ​မြို့​မှ ရှောလု​မင်းကြီး​နှင့်​ယောနသန်​၏​သတင်း​ရောက်လာ​ချိန်​၌ ထို​သား​သည် အသက်​ငါး​နှစ်​သာ​ရှိ​သေး​၏​။ ထို​သတင်း​ကြောင့် သူ့​အထိန်း​တော်​သည် သူ့​ကို​ပွေ့ချီ​လျက် အလန့်တကြား​ထွက်ပြေး​ရာ​မှ ထို​ကလေး​ပြုတ်ကျ​ပြီး ခြေမသန်​ဖြစ်​ရ​ခြင်း​ဖြစ်​၏​။ ထို​ကလေး​၏​အမည်​မှာ မေဖိဗောရှက်​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 4:4
10 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင် ယော န​သန်​နှင့်​မိ​မိ​ပြု​ခဲ့​သည့်​သစ္စာ​က​တိ​ကို ထောက်​၍ ယော​န​သန်​၏​သား၊ ရှော​လု​၏​မြေး မေ​ဖိ​ဗော​ရှက်​၏​အ​သက်​ကို​ချမ်း​သာ ပေး​၍၊-


ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။


မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။


ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။


ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)


ယော​န​သန်​၏သား​သည်​မေ​ရိဗ္ဗာ​လ​ဖြစ်​၍ မေ​ရိဗ္ဗာ​လ​၏သား​မှာ​မိက္ခာ​ဖြစ်​၏။


ယော​န​သန်​၏​သား​သည်​မေ​ရိဗ္ဗာ​လ၊ မေ​ရိဗ္ဗာ​လ ၏​သား​မှာ​မိက္ခာ​ဖြစ်​၏။-


ဖိ​လိတ္တိ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​စစ် သည်​အ​ပေါင်း​တို့​ကို အာ​ဖက်​မြို့​တွင်​စု​ဝေး စေ​ကြ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က ယေ​ဇ​ရေ​လ​ချိုင့်​ဝှမ်း​ရှိ​စမ်း​ချောင်း​အ​နီး တွင်​စ​ခန်း​ချ​ကြ​၏။-


ထို့​ကြောင့်​ဒါ​ဝိဒ်​တို့​လူ​စု​သည်​နောက်​တစ်​နေ့ နံ​နက်​စော​စော​အ​ချိန်​၌ ဖိ​လိတ္တိ​ပြည်​သို့​ပြန် သွား​ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​လည်း ယေ​ဇ​ရေ​လ​မြို့​သို့​ချီ​တက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ