၂ ရာ 4:2 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏သားတွင် စစ်သူရဲအကြီးအကဲနှစ်ဦးရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုးသား၊ ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားများဖြစ်ကြ၏။ တစ်ယောက်၏အမည်မှာ ဗာနာဖြစ်၍ နောက်တစ်ယောက်၏အမည်မှာ ရေခပ်ဖြစ်၏။ ဗေရုတ်မြို့အား ဗင်္ယာမိန်အပိုင်ဟု သတ်မှတ်ထား၏။ Common Language Bible ဣရှဗောရှက်တွင်လုယက်တိုက်ခိုက်သည့်အဖွဲ့ များ၏ခေါင်းဆောင်နှစ်ယောက်ရှိ၏။ သူတို့၏ နာမည်မှာဗာနာနှင့်ရေခပ်ဖြစ်၍ဗေရုတ်မြို့ မှဗင်္ယာမိန်အနွယ်ဝင်ရိမ္မုန်၏သားများဖြစ် ကြ၏။ (ဗေရုတ်မြို့သည်ဗင်္ယာမိန်နယ်တွင် အပါအဝင်ဖြစ်၏။- Garrad Bible ရှော လု မင်း၏ သား တော်၌ ဗင်္ယာ မိန့် အ နွယ် သား တို့ အ ပါ အ ဝင်၊ ဗေ ရုတ် မြို့ နေ ရိ မ္မုန်၏ သား၊ ဗာ နာ နှင့် ရေ ခပ် အ မည် ရှိ သော တပ် မှူး နှစ် ယောက် ရှိ၏။ ဗေ ရုတ် မြို့ သူ မြို့ သား တို့ သည် ဂိ တ္တိမ် မြို့ သို့ ပြေး သွား၍ အာ ဂ န္တု အ ဖြစ် ယ နေ့ တိုင် ခို ဝင် သည် နှင့် ဗေ ရုတ် မြို့ ကို ဗင်္ယာ မိန် နယ် ဟူ၍ သတ် မှတ် ကြ သ တည်း။ Judson Bible ရှောလု၏သား၌ဗာနာနှင့် ရေခပ်အမည်ရှိသောသူတည်းဟူသော တပ်မှူးနှစ်ယောက်ရှိ၏။ သူတို့သည် ဗင်္ယာမိန်အမျိုး ဗေရောသိအနွယ် ရိမ္မုန်၏သားဖြစ်ကြ၏။ ဗေရုတ်မြို့သည် ဗင်္ယာမိန်ခရိုင်အဝင်ဖြစ်သော်လည်း၊ |
ထိုစဉ်တွင်ပင် ယွာဘနှင့်ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် စစ်တိုက်ရာမှ ပြန်ရောက်လာကြ၏။ တိုက်ရာပါပစ္စည်းလည်း အများအပြားယူလာကြ၏။ သို့သော် အာဗနာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ဟေဗြုန်မြို့တွင် မရှိတော့ချေ။ ဒါဝိဒ်မင်းကြီး ပြန်ခွင့်ပြုသောကြောင့် အေးချမ်းစွာထွက်သွားနှင့်ပြီ။
ဗေရောသိလူမျိုး ရိမ္မုန်၏သား ရေခပ်နှင့်ဗာနာတို့သည် ဣရှဗောရှက်မင်းကြီး၏အိမ်သို့လာကြရာ နေ့လယ် ပူပြင်းသောအချိန်တွင် ရောက်ကြ၏။ ဣရှဗောရှက်မင်းကြီးမှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်လျက်နေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားဖြစ်သော ရေခပ်နှင့်ဗာနာ ညီအစ်ကိုတို့အား “ငါ့အသက်ကို ဘေးဒုက္ခအပေါင်းမှ ရွေးနုတ်ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
အစ္စရေးပြည်ကို ဆီးရီးယားလူမျိုးတို့ ချီတက်တိုက်ခိုက်စဉ်က ဖမ်းဆီးခေါ်ဆောင်လာခဲ့သောမိန်းမငယ်လေးတစ်ယောက်သည် နေမန်၏ဇနီးထံ၌ အစေခံရ၏။
ထို့ကြောင့် ရှင်ဘုရင်သည်လည်း ထိုသူတို့ကို စားသောက်ပွဲကြီးတည်ခင်းကျွေးမွေး၍ သူတို့စားသောက်ပြီးမှ သူတို့ကိုပြန်လွှတ်လိုက်သဖြင့် သူတို့၏သခင်ထံသို့ ပြန်သွားကြလေ၏။ ထို့ကြောင့် ဆီးရီးယားတပ်သည် အစ္စရေးမြေပေါ်သို့ နောက်ထပ်ဝင်ရောက်ကျူးကျော်ခြင်း မရှိတော့ချေ။
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။