Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 4:2 - Common Language Bible

2 ဣ​ရှ​ဗော​ရှက်​တွင်​လု​ယက်​တိုက်​ခိုက်​သည့်​အ​ဖွဲ့ များ​၏​ခေါင်း​ဆောင်​နှစ်​ယောက်​ရှိ​၏။ သူ​တို့​၏ နာ​မည်​မှာ​ဗာ​နာ​နှင့်​ရေ​ခပ်​ဖြစ်​၍​ဗေ​ရုတ်​မြို့ မှ​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ရိမ္မုန်​၏​သား​များ​ဖြစ် ကြ​၏။ (ဗေ​ရုတ်​မြို့​သည်​ဗင်္ယာ​မိန်​နယ်​တွင် အ​ပါ​အ​ဝင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

2-3 ရှော လု မင်း၏ သား တော်၌ ဗင်္ယာ မိန့် အ နွယ် သား တို့ အ ပါ အ ဝင်၊ ဗေ ရုတ် မြို့ နေ ရိ မ္မုန်၏ သား၊ ဗာ နာ နှင့် ရေ ခပ် အ မည် ရှိ သော တပ် မှူး နှစ် ယောက် ရှိ၏။ ဗေ ရုတ် မြို့ သူ မြို့ သား တို့ သည် ဂိ တ္တိမ် မြို့ သို့ ပြေး သွား၍ အာ ဂ န္တု အ ဖြစ် ယ နေ့ တိုင် ခို ဝင် သည် နှင့် ဗေ ရုတ် မြို့ ကို ဗင်္ယာ မိန် နယ် ဟူ၍ သတ် မှတ် ကြ သ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

2 ရှော​လု၏​သား၌​ဗာ​နာ​နှင့် ရေ​ခပ်​အ​မည်​ရှိ​သော​သူ​တည်း​ဟူ​သော တပ်​မှူး​နှစ်​ယောက်​ရှိ၏။ သူ​တို့​သည် ဗင်္ယာ​မိန်​အ​မျိုး ဗေ​ရော​သိ​အ​နွယ် ရိ​မ္မုန်၏​သား​ဖြစ်​ကြ၏။ ဗေ​ရုတ်​မြို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်​အ​ဝင်​ဖြစ်​သော်​လည်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

2 ရှောလု​မင်းကြီး​၏​သား​တွင် စစ်သူရဲ​အကြီးအကဲ​နှစ်​ဦး​ရှိ​၏​။ သူ​တို့​သည် ဗင်္ယာမိန်​အမျိုးသား​၊ ဗေရောသိ​လူမျိုး​၊ ရိမ္မုန်​၏​သား​များ​ဖြစ်​ကြ​၏​။ တစ်ယောက်​၏​အမည်​မှာ ဗာနာ​ဖြစ်၍ နောက်တစ်ယောက်​၏​အမည်​မှာ ရေခပ်​ဖြစ်​၏​။ ဗေရုတ်​မြို့​အား ဗင်္ယာမိန်​အပိုင်​ဟု သတ်မှတ်​ထား​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 4:2
9 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်​ယွာ​ဘ​နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​စစ်​သူ​ရဲ တို့​သည် ရန်​သူ​တို့​အား​လု​ယက်​တိုက်​ခိုက်​ရာ​မှ လက်​ရ​ပစ္စည်း​အ​မြောက်​အ​မြား​နှင့်​ပြန်​လာ ကြ​၏။ အာ​ဗ​နာ​သည်​ကား​ဒါ​ဝိဒ်​နှင့်​အ​တူ ဟေ​ဗြုန်​မြို့​တွင်​မ​ရှိ​တော့​ပေ။ အ​ဘယ်​ကြောင့် ဆို​သော်​ဒါ​ဝိဒ်​သည်​သူ့​အား​ဘေး​မဲ့​ထွက်​ခွာ စေ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။-


ရေ​ခပ်​နှင့်​ဗာ​နာ​တို့​သည်​ဣရှ​ဗော​ရှက်​၏​အိမ် တော်​သို့​သွား​ရာ ဣ​ရှ​ဗော​ရှက်​နေ့​လယ်​အိပ် စက်​အ​နား​ယူ​နေ​ချိန်​မွန်း​တည့်​ခန့်​၌​ရောက် ရှိ​လာ​ကြ​၏။-


ဒါ​ဝိဒ်​က``ငါ့​အား​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ ကယ်​တော်​မူ​သော​အ​သက်​ရှင်​တော်​မူ​သော ထာဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို ပါ​၏။-


ရှု​ရိ​အ​မျိုး​သား​တို့​သည်​အ​ခါ​တစ်​ပါး​က ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​လု​ယက်​တိုက်​ခိုက်​ကြ ရာ​ဝယ် ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​သူ​ငယ်​မ​တစ် ယောက်​ကို​ဖမ်း​ဆီး​ရ​မိ​ခဲ့​၏။ သူ​သည်​နေ​မန် ၏​ဇ​နီး​ထံ​တွင်​အ​စေ​ခံ​ရ​လေ​သည်။-


သို့​ဖြစ်​၍​ဣသ​ရေ​လ​ဘု​ရင်​သည်​စား​ပွဲ​ကြီး ခင်း​ကျင်း​၍ သူ​တို့​အား​စား​သောက်​စေ​ပြီး သော​အ​ခါ ရှု​ရိ​ဘု​ရင်​ထံ​သို့​ပြန်​စေ​တော် မူ​၏။ ထို​နေ့​မှ​အ​စ​ပြု​၍​ရှု​ရိ​အ​မျိုး​သား တို့​သည် ဣသ​ရေ​လ​ပြည်​ကို​တိုက်​ခိုက်​လု​ယက် မှု​မ​ပြု​ဝံ့​ကြ​တော့​ချေ။


ထို့​အ​ပြင်​ဂိ​ဗောင်​မြို့၊ ရာ​မ​မြို့၊ ဗေ​ရုတ်​မြို့၊- မိ​ဇ​ပါ​မြို့၊ ခေ​ဖိ​ရ​မြို့၊ မော​ဇ​မြို့၊- ရေ​ကင် မြို့၊ ဣ​ရ​ပေ​လ​မြို့၊ တာ​ရ​လ​မြို့၊-


သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ကြ​ရာ​သုံး​ရက်​မြောက် သော​နေ့​၌ ထို​သူ​တို့​နေ​ထိုင်​ရာ​မြို့​များ​ဖြစ် သော​ဂိ​ဗောင်​မြို့၊ ခေ​ဖိ​ရာ​မြို့၊ ဗေ​ရုတ်​မြို့​နှင့် ကိ​ရ​ယတ်​ယာ​ရိမ်​မြို့​များ​သို့​ရောက်​ရှိ​ကြ လေ​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ