ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
၂ ရာ 3:8 - မြန်မာ့စံမီသမ္မာကျမ်း ဣရှဗောရှက်မင်းကြီး၏စကားကြောင့် အာဗနာ အလွန်အမျက်ထွက်ပြီး “ငါ့ကို ယုဒအမျိုး၏ခွေးခေါင်းများမှတ်နေသလော။ ယခု ငါသည် သင့်ဖခင်ရှောလုမင်းကြီး၏အမျိုးအနွယ်နှင့် သူ့ညီအစ်ကို၊ သူ့မိတ်ဆွေတို့ကို မေတ္တာပြခဲ့၏။ သင့်ကိုလည်း ဒါဝိဒ်မင်းကြီးလက်သို့ မအပ်။ သို့သော် ယနေ့ မိန်းမတစ်ယောက်နှင့်ဆိုင်သောအမှားအတွက် ငါ့အား အပြစ်တင်ရသလော။ Common Language Bible ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။- Garrad Bible ဒေါ သ အ မျက် ခြောင်း ခြောင်း ထွက် လျက် အာ ဗ နာ က၊ ငါ့ ကို ယု ဒ ဘက် ပါ ခွေး ခေါင်း မှတ် သ လော။ ဒါ ဝိဒ် မင်း လက် တွင်း သို့ သင့် ကို မ အပ်။ သင့် ခ မည်း တော် ရှော လု မင်း၏ ညီ တော် နောင် တော် မှ စ သော ဆွေ တော် မျိုး တော် အ ပေါင်း တို့ အား ယ နေ့ တိုင် အောင် ငါ ပြု သော ကျေး ဇူး ကို မဲ့ လျက် ဤ မိန်း မ ကြောင့် အ ပြစ် တင် လေ ဘိ တ ကား။ Judson Bible ထိုစကားကြောင့် အာဗနာသည် အလွန်စိတ်ဆိုးလျက်၊ ငါသည် ယုဒအမျိုးကိုဆီးတား၍ သင့်အဘရှောလုအမျိုးနှင့် ညီအစ်ကိုအဆွေခင်ပွန်းတို့အား ယနေ့တိုင်အောင် ကျေးဇူးပြုသဖြင့် သင့်ကိုဒါဝိဒ်လက်သို့ မအပ်နှံဘဲနေသော်၊ သင်သည်ငါ့ကို ခွေး၏ဦးခေါင်းကဲ့သို့သာမှတ်၍ ထိုမိန်းမအတွက် ယနေ့အပြစ်တင်ရမည်လော။ |
ထိုအခါ ဇေရုယာ၏သား အဘိရှဲက ရှင်ဘုရင်အား “ဤခွေးသေကောင်သည် အဘယ်ကြောင့် အကျွန်ုပ်၏သခင် အရှင်မင်းကြီးကို ကျိန်ဆဲရသနည်း။ ယခု အကျွန်ုပ်သွား၍ သူ့ခေါင်းကို ဖြတ်ပစ်ပါရစေ”ဟု လျှောက်၏။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ထာဝရဘုရားကလည်း ဒါဝိဒ်မင်းကြီးအား ‘ငါ့အစေအပါးဒါဝိဒ်အားဖြင့် ငါ့လူမျိုးတော်အစ္စရေးကို ဖိလိတ္တိလူမျိုးတို့လက်မှ၊ ရန်သူအပေါင်းတို့လက်မှကယ်နုတ်မည်’ဟု ကတိထားပြီဖြစ်၍ ယခုပင် သူ့ကိုမင်းမြှောက်ပါလော့”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးအား ထာဝရဘုရား ကျိန်ဆိုထားသည့်အတိုင်း သူ့အတွက် ငါမပြုခဲ့လျှင် ဘုရားသခင်သည် ငါအာဗနာကို စီရင်တော်မူပါစေသော။ ထိုထက်မက ပြုတော်မူပါစေသော။
ယခင် အကျွန်ုပ်တို့ကို ရှောလုမင်းကြီးအုပ်စိုးစဉ်ကာလကပင် အရှင်သည် အစ္စရေးလူမျိုးကို ဦးဆောင်ဦးရွက်ပြုပေးခဲ့သူ ဖြစ်ပါ၏။ ထာဝရဘုရားကလည်း အရှင့်အား ‘သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကို ကြည့်ရှုစောင်မရမည်၊ အစ္စရေးလူမျိုးတို့ကို အုပ်ချုပ်ရမည်’ဟူ၍ မိန့်ဆိုတော်မူခဲ့ပါပြီ”ဟု လျှောက်တင်ကြ၏။
သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
ဟာဇေလကလည်း ဧလိရှဲအား “ခွေးမျှသာအဆင့်ရှိသော အရှင့်အစေအပါးအကျွန်ုပ်က ဤအမှုကြီးကို အဘယ်သို့ပြုနိုင်ပါမည်နည်း”ဟု ပြန်လျှောက်လျှင် ဧလိရှဲက သူ့အား “သင်သည် ဆီးရီးယားဘုရင် ဖြစ်လာမည်ကို ငါ့အား ထာဝရဘုရားဖော်ပြတော်မူပြီ”ဟု ဆို၏။
အကယ်စင်စစ် လူတို့၏အမျက်ဒေါသသည် ကိုယ်တော်ကိုချီးမွမ်းလိမ့်မည်။ ကိုယ်တော်သည် အမျက်ဒေါသအကြွင်းအကျန်များဖြင့် မိမိကိုယ်မိမိပတ်စည်းတော်မူလိမ့်မည်။
သင်မည်သူ့ကို ကဲ့ရဲ့ပြစ်တင်နေသနည်း၊ မည်သူ့ကို စော်ကားပြောဆိုနေသနည်း၊ မည်သူ့ကို အော်ဟစ်နေသနည်း၊ မည်သူ့ကို မောက်မောက်မာမာကြည့်နေသနည်း။ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ကိုပင် မဟုတ်လော။
ပြည့်တန်ဆာ၏အဖိုးအခနှင့် ခွေး၏အဖိုးအခကို ကတိသစ္စာတစ်စုံတစ်ခုအတွက် သင်၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်သို့ မယူဆောင်လာရ။ အကြောင်းမူကား ထိုအရာနှစ်ခုစလုံးကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။
ထို့နောက် ဖိလိတ္တိပြည်သားက ဒါဝိဒ်အား “သင်သည် တောင်ဝှေးမျှလောက်ဖြင့် ငါ့ထံလာသည်မှာ ငါသည် ခွေးဖြစ်၍လော”ဟု ဆိုလျက် ဖိလိတ္တိပြည်သားသည် မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်ကို ကျိန်ဆဲ၏။