ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
၂ ရာ 3:29 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘနှင့် သူ့ဖခင်အိမ်သူအိမ်သားအားလုံးတို့၏ခေါင်းပေါ် ကျရောက်ပါစေ။ ယွာဘအမျိုးထဲတွင် အရိအရွဲထွက်သောသူ၊ အနာကြီးရောဂါစွဲသောသူ၊ ခါးချည့်သောသူ၊ ဓားဖြင့်သေရသူ၊ ငတ်မွတ်သောသူတို့ မပြတ်ပါစေနှင့်”ဟု မိန့်ဆိုလေ၏။ Common Language Bible ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။- Garrad Bible ယွာ ဘ နှင့်လည်း ကောင်း အ မျိုး အ ဆွေ တို့ ဦး ထိပ် ထက် သင့် ရောက် ပါ စေ သော။ ယွာ ဘ၏ ဆွေ မျိုး အ စဉ် အ ဆက်၊ ရိ နာ၊ နူ နာ၊ ဓား ဘေး၊ မွတ် သိပ် ခြင်း ဘေး များ သင့် သည့် ပြင်၊ ဗိုင်း ငင့် လျက် အ သက် မွေး ရ ပါ စေ သော ဟု ကျိန် ဆို လေ ၏။ Judson Bible ယွာဘခေါင်း၊ သူ့အဆွေအမျိုးအပေါင်းတို့၏ ခေါင်းပေါ်သို့ ရောက်ပါစေ။ ယွာဘ၏အဆွေအမျိုး၌ ရိနာစွဲသောသူ၊ နူနာစွဲသောသူ၊ ကျောကုန်းသောသူ၊ ဓားဖြင့်သေသောသူ၊ ငတ်မွတ်သောသူ မပြတ်စေနှင့်ဟု မြွက်ဆို၏။ |
ဒါဝိဒ်ကလည်း “ ‘ထာဝရဘုရား ဘိသိက်ပေးတော်မူသောရှင်ဘုရင်ကို အကျွန်ုပ်သတ်လေပြီ’ဟု သင့်နှုတ်မှ ဝန်ခံသောကြောင့် လူသတ်သောအပြစ်ကို သင်ပြန်ခံရပြီ”ဟု ဆို၏။
ရှောလုမင်းကြီး၏အရိုက်အရာကို လုယူ၍နန်းစံပြီး ရှောလုမင်းကြီး၏အိမ်သူအိမ်သားအား သတ်သောအပြစ်ကို ထာဝရဘုရားသည် သင့်အား ပြန်ပေးဆပ်စေပြီ။ နိုင်ငံတော်ကိုလည်း သင့်သားအဗရှလုံလက်သို့ ထာဝရဘုရားအပ်တော်မူပြီ။ သင်သည် လူသတ်သမားဖြစ်သောကြောင့် သင်ပြုသောမကောင်းမှုကို သင်ပြန်ခံရတော့မည်”ဟု ကျိန်ဆဲလေ၏။
နောက်မှ ထိုအကြောင်းကို ဒါဝိဒ်မင်းကြီး ကြားသောအခါ “နေရ၏သား အာဗနာကိုသတ်သည့်အမှုနှင့်ပတ်သက်၍ ငါနှင့် ငါ့ပြည်သူပြည်သားတို့သည် ထာဝရဘုရားရှေ့တော်၌ အစဉ်အပြစ်ကင်းလွတ်၏။
ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူခြင်း ရှိသည့်အတိုင်း ငါသည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကို သီဆိုချီးမွမ်းမည်။
အပြင်၌တောင်ဝှေးဖြင့် လမ်းထလျှောက်နိုင်လျှင်လည်းကောင်း ပြုသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်ရမည်။ သို့သော် ခံရသူ အလုပ်ပျက်သွားသည့်အချိန်အတွက် သူ့အား နစ်နာကြေးပေး၍ လုံးလုံးပျောက်ကင်းသည့်တိုင်အောင်ကုသပေးရမည်။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားတစ်ယောက်ယောက်သည် မိမိ၏ကိုယ်ခန္ဓာမှ အရိအရွဲထွက်သောအခါ ထိုသူသည် ရိနာကြောင့် မစင်မကြယ်ဖြစ်၏။
သွေးသည် ပြည်ကို ညစ်ညူးစေသည်ဖြစ်၍ သင်တို့နေထိုင်သောပြည်ကို မညစ်ညူးစေရ။ ပြည်၌ သွန်းသောသွေးအတွက် သွေးသွန်းသောသူ၏သွေးမှတစ်ပါး ထိုပြည်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုမပြုနိုင်။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
အသတ်ခံရသောသူနှင့်အနီးဆုံးမြို့ရှိသက်ကြီးဝါကြီးအပေါင်းတို့သည် ချိုင့်ဝှမ်း၌လည်ပင်းချိုးခဲ့သောနွားမတမ်းအပေါ်၌ မိမိတို့လက်ကို ဆေးချရမည်။
အကြောင်းမူကား ထိုသူတို့သည် သန့်ရှင်းသူများနှင့် ပရောဖက်များ၏သွေးကို သွန်းခဲ့ကြသည်ဖြစ်၍ ကိုယ်တော်သည် ထိုသွေးတို့ကို သူတို့အားသောက်ရန် ပေးတော်မူပြီ။ သူတို့သည် ထိုသို့ခံရရန် ထိုက်တန်ပေ၏”ဟု ဆိုသည်ကို ငါကြားရ၏။
ယေရုဗ္ဗာလ၏သားအယောက်ခုနစ်ဆယ်ကို ရက်ရက်စက်စက်သတ်ဖြတ်ကြသောအမှုကြောင့် ပြန်ပေးဆပ်ရမည့်သွေးကြွေးသည် ညီအစ်ကိုတို့အား သတ်သောအဘိမလက်နှင့် ထိုညီအစ်ကိုတို့အား သတ်သောအမှု၌ ကူညီပေးသောရှေခင်မြို့သားတို့အပေါ်သို့ ကျရောက်ခြင်းဖြစ်၏။