ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
၂ ရာ 3:10 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် နိုင်ငံတော်ကို ရှောလုမင်းကြီး၏အမျိုးအနွယ်လက်မှရုပ်သိမ်းပြီး ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးပြည်၊ ယုဒပြည်တို့တွင် ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ကို တည်စေတော်မူမည်”ဟု ဆိုလျှင် Judson Bible ဒါဝိဒ်၏အာဏာတော်ကို ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ဣသရေလပြည်၊ ယုဒပြည်အရပ်ရပ်တို့၌ တည်စေခြင်းငှာ၊ ဒါဝိဒ်အားပြုမည်ဟု ကျိန်ဆိုတော်မူသည်အတိုင်း၊ ငါလည်း ဒါဝိဒ်အားမပြုဘဲနေလျှင်၊ ထိုမျှမက ဘုရားသခင်သည် အာဗနာအားပြုတော်မူပါစေသောဟု ဆိုသောကြောင့်၊ |
ထို့ကြောင့် အကျွန်ုပ်အကြံပေးလိုသည်မှာ ဒန်မြို့မှစ၍ ဗေရရှေဘမြို့အထိ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသောအစ္စရေးလူမျိုးအပေါင်းတို့ကို အကုန်စုဝေးစေပြီး အရှင်ကိုယ်တိုင် ဦးဆောင်၍ စစ်ထွက်တိုက်စေလိုပါသည်။
ရှင်ဘုရင်က သူ့ထံအခစားဝင်နေသောဗိုလ်ချုပ်ယွာဘအား “အစ္စရေးအမျိုးအနွယ်အားလုံး၏အရေအတွက်ကို ငါသိရအောင် ဒန်မြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင်သွားပြီး စာရင်းယူလော့”ဟု မိန့်ဆို၏။
ဣရှဗောရှက်သည် အာဗနာကို ကြောက်သောကြောင့် စကားတစ်ခွန်းမျှ မတုံ့ပြန်ဝံ့တော့ပေ။
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။
ရှောလမုန်မင်းကြီးအုပ်စိုးစဉ်ကာလပတ်လုံး ဒန်မြို့မှဗေရရှေဘမြို့တိုင်အောင် ယုဒလူမျိုးနှင့်အစ္စရေးလူမျိုးတို့သည် ကိုယ့်စပျစ်ပင်အောက်၊ ကိုယ့်သဖန်းပင်အောက်တွင် ဘေးကင်းလုံခြုံစွာနေထိုင်ရလေ၏။
ဂိလဒ်ပြည်အပါအဝင် ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင်နေထိုင်သော အစ္စရေးအမျိုးသားအပေါင်း လူအုပ်ကြီးတို့သည် မိဇပါမြို့သို့ရောက်လာ၍ ထာဝရဘုရားရှေ့တော်တွင် တစ်စိတ်တစ်သဘောတည်း စုရုံးကြ၏။
ထိုအခါ ရှမွေလက “ယနေ့ ထာဝရဘုရားသည် သင့်လက်ထဲရှိ အစ္စရေးနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်ထက်ကောင်းသောသင့်အိမ်နီးချင်းအား ပေးအပ်တော်မူပြီ။
ငါ့အား ထာဝရဘုရား မြွက်ဆိုတော်မူသည့်အတိုင်း သင်၌ ပြုတော်မူပြီ။ ထာဝရဘုရားသည် သင့်လက်ထဲရှိနိုင်ငံတော်ကို ရုပ်သိမ်းပြီး သင့်အမျိုးသားချင်းဒါဝိဒ်အား ပေးတော်မူပြီ။
ရှမွေလသည် ထာဝရဘုရား၏ပရောဖက်ဖြစ်ကြောင်းကို ဒန်မြို့မှ ဗေရရှေဘမြို့တိုင်အောင် အစ္စရေးလူမျိုးအပေါင်းတို့ သိမှတ်ကြ၏။