ကိုယ်တော်၏သားတို့သည် ကိုယ်တော့်ဘိုးဘေးတို့၏ အရိုက်အရာကိုဆက်ခံသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို ကမ္ဘာမြေတစ်ခွင်လုံး၌ အကြီးအကဲများဖြစ်စေတော်မူလိမ့်မည်။
၂ ရာ 24:23 - မြန်မာ့စံမီသမ္မာကျမ်း အို အရှင်မင်းကြီး၊ အရောန၌ရှိသမျှကို အရှင်မင်းကြီးအား ပေးပါ၏”ဟု လျှောက်တင်၏။ ထို့ပြင် အရောနသည် ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် အရှင့်ကို လက်ခံတော်မူပါစေသော”ဟု လျှောက်ဆို၏။ Common Language Bible ထိုအရာအပေါင်းကိုမင်းကြီးအားဆက်ပါ ၏။ အရှင်၏ဘုရားသခင်ထာဝရဘုရား သည်အရှင်၏ပူဇော်သကာကိုလက်ခံတော် မူပါစေသော'' ဟုလျှောက်လေ၏။ Garrad Bible အ လုံး စုံ ကို ဘု ရင် မင်း မြတ် ထံ ကျွန် တော် ဆက် ပါ မည် ဟူ ၍ လည်း ကောင်း၊ ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စိတ် တော် နှင့် တွေ့ တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း၊ တင် လျှောက် ရာ Judson Bible အလုံးစုံတို့ကို ရှင်ဘုရင်အား ဆက်၍၊ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်ကို လက်ခံတော်မူပါစေသောဟု လျှောက်လေ၏။ |
ကိုယ်တော်၏သားတို့သည် ကိုယ်တော့်ဘိုးဘေးတို့၏ အရိုက်အရာကိုဆက်ခံသူများဖြစ်ကြ၍ ကိုယ်တော်သည် သူတို့ကို ကမ္ဘာမြေတစ်ခွင်လုံး၌ အကြီးအကဲများဖြစ်စေတော်မူလိမ့်မည်။
မြင့်မြတ်သောသူကား မြင့်မြတ်သောအကြံကို ကြံစည်တတ်၏။ မြင့်မြတ်သောအမှု၌ တည်၏။
ကေဒါပြည်၏သိုးစုရှိသမျှတို့သည် သင့်ထံ၌စုဝေးလိမ့်မည်။ နဗာယုတ်ပြည်၏သိုးထီးတို့သည် သင်၏အမှုကိုထမ်းဆောင်၍ လက်ခံဖွယ်ရာယဇ်အဖြစ် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြရလိမ့်မည်။ ငါသည် ဂုဏ်ကျက်သရေရှိသောငါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည်။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။