သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
၂ ရာ 24:21 - မြန်မာ့စံမီသမ္မာကျမ်း “အကျွန်ုပ်သခင်အရှင်မင်းကြီး၊ အရှင့်အစေအပါးထံ အဘယ်အရေးကြောင့်ကြွလာရပါသနည်း”ဟု အရောနမေးလျှောက်လျှင် ဒါဝိဒ်မင်းကြီးက “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ဝယ်ယူရန် လာပါသည်”ဟု မိန့်ဆိုလျှင် Common Language Bible ``အရှင်မင်းကြီးအဘယ်ကြောင့်ဤအရပ်သို့ ကြွလာတော်မူပါသနည်း'' ဟုလျှောက်၏။ ဒါဝိဒ်က``ကပ်ရောဂါဘေးငြိမ်းအေးသွားစေ ခြင်းငှာ ထာဝရဘုရားအတွက်ယဇ်ပလ္လင်ကို တည်ဆောက်လိုသဖြင့် သင်၏ကောက်နယ်တလင်း ကိုဝယ်ယူရန်ငါလာသည်'' ဟုမိန့်တော်မူ၏။ Garrad Bible အ ရှင် မင်း မြတ် သည် ကျွန် တော် မျိုး ရှိ ရာ သို့ အ ဘယ် ကြောင့် ကြွ လာ တော် မူ ပါ သ နည်း ဟု တင် လျှောက် သော် ဒါ ဝိဒ် မင်း က လူ မျိုး တွင် ကပ် ရော ဂါ ရပ် စဲ စေ ခြင်း ငှါ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လို ၍ သင့် ကောက် နယ် တ လင်း ကို ဝယ် ရန် လာ သည် ဟု မိန့် ဆို လျှင် Judson Bible ကျွန်တော်သခင် အရှင်မင်းကြီးသည် ကိုယ်တော်ကျွန်ရှိရာသို့ အဘယ်ကြောင့် ကြွလာတော်မူသနည်းဟု မေးလျှောက်လျှင်၊ ဒါဝိဒ်က၊ လူတို့တွင် ကာလနာဘေးကိုငြိမ်းစေမည်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကိုတည်လို၍၊ သင်၏ကောက်နယ်တလင်းကို ဝယ်အံ့သောငှာလာသည်ဟု အမိန့်ရှိသော်၊ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ထိုနေ့တွင် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့လာ၍ “ယေဗုသိလူမျိုး အရောန၏ကောက်နယ်တလင်းနားသို့ တက်သွား၍ ထာဝရဘုရားအဖို့ ယဇ်ပလ္လင်ကို တည်လော့”ဟု ဆို၏။
အရောနသည် ရှင်ဘုရင်နှင့်မင်းမှုထမ်းတို့ သူ့ထံသို့လာနေသည်ကို လှမ်းမြင်လျှင် ရှင်ဘုရင်ထံသို့သွား၍ ရှေ့တော်တွင် မြေမှာပျပ်ဝပ်လျက်
ယွာဘကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်မြင်တွေ့ရပါစေသော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း”ဟု လျှောက်တင်၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
ထိုအစ္စရေးအမျိုးသားနောက် တဲအတွင်းသို့ လိုက်ဝင်သွား၍ အစ္စရေးအမျိုးသားနှင့် ထိုမိန်းမ နှစ်ဦးစလုံးတို့၏ဗိုက်ကို လှံနှင့်ထိုးလေ၏။ ထို့ကြောင့် အစ္စရေးအမျိုးသားတို့တွင် ဘေးဒဏ်ငြိမ်းလေ၏။