Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 21:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 ထိုအခါ ဒါဝိဒ်​မင်းကြီး​က ဩရနန်​အား “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ငါ့​အား ရောင်း​ပေး​လော့​။ ကျသင့်​ငွေ​အတိုင်း ငါ​ဝယ်ယူ​ပါ​မည်​”​ဟု မိန့်ဆို​လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 ဒါ​ဝိဒ်​က``ကပ်​ရော​ဂါ​ဘေး​မှ​ငြိမ်း​စေ​ရန် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင်​ကို​တည် နိုင်​ရန်​သင်​၏​ကောက်​နယ်​တ​လင်း​ကို​ငါ့ အား​ရောင်း​လော့။ တန်​ဖိုး​အ​ပြည့်​အ​ဝ ငါ​ပေး​မည်'' ဟု​အ​ရော​န​အား​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဒါ ဝိဒ် မင်း က၊ လူ မျိုး တွင် ကပ် ရော ဂါ ရပ် စဲ စေ ခြင်း ငှါ ဤ ကောက် နယ် တ လင်း ၌ ထာ ဝ ရ ဘု ရား အား ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လို သော ကြောင့် မ ယုတ် သော တန် ဖိုး နှင့် ရောင်း ချ လော့ ဟု မိန့် ဆို သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 ဒါ​ဝိဒ်​က​လည်း၊ လူ​တို့​တွင် ကာ​လ​နာ​ဘေး​ကို ငြိမ်း​စေ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို ငါ​တည်​လို​သည်​ဖြစ်၍၊ ဤ​ကောက်​နယ်​တ​လင်း​အ​ရပ်​ကို အ​ဖိုး​ထိုက်​သည်​အ​တိုင်း ရောင်း​ပါ​ဟု အ​မိန့်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 21:22
8 ပူးပေါင်းရင်းမြစ်များ  

သူ​၏​လယ်​အစွန်​ရှိ သူ​ပိုင်ဆိုင်​သည့်​မပ္ပေလ​လိုဏ်ဂူ​ကို အကျွန်ုပ်​အား​ရောင်း​ပေး​ရန် အကျွန်ုပ်​အတွက် ပြောပေး​ကြ​ပါ​။ ၎င်း​ကို ကိုယ်ပိုင်​သင်္ချိုင်းမြေ​အဖြစ် သင်​တို့​ရှေ့​တွင် တန်ရာတန်ကြေး​အပြည့်​ဖြင့် အကျွန်ုပ်​အား​ရောင်း​ပေး​စေ​ပါ​”​ဟု သူ​တို့​အား ပြော​လေ​၏​။


သူ​တို့​သည် ဂျော်ဒန်​မြစ်​တစ်ဖက်​ရှိ အာတဒ်​ကောက်နယ်တလင်း​သို့​ရောက်​သောအခါ ထို​အရပ်​၌ သူ​တို့​သည် ခါးသီးစွာ​အော်ဟစ်​ငိုကြွေးမြည်တမ်း​ကြ​၏​။ ယောသပ်​သည် မိမိ​ဖခင်​အတွက် ခုနစ်​ရက်​ပတ်လုံး​ငိုကြွေးမြည်တမ်း​ခြင်း​ကို​ပြု​လေ​၏​။


“​အကျွန်ုပ်​သခင်​အရှင်မင်းကြီး​၊ အရှင့်​အစေအပါး​ထံ အဘယ်​အရေး​ကြောင့်​ကြွလာ​ရ​ပါ​သနည်း​”​ဟု အရောန​မေးလျှောက်​လျှင် ဒါဝိဒ်​မင်းကြီး​က “​လူ​တို့​တွင်​ကျရောက်​သော​ဘေးဒဏ် ငြိမ်း​မည့်​အကြောင်း ထာဝရဘုရား​အဖို့ ယဇ်ပလ္လင်​တည်​ရ​မည်​ဖြစ်၍ သင့်​ကောက်နယ်တလင်း​ကို ဝယ်ယူ​ရန် လာ​ပါ​သည်​”​ဟု မိန့်ဆို​လျှင်


အာဟပ်​မင်းကြီး​က နာဗုတ်​အား “​သင့်​စပျစ်ခြံ​သည် ငါ့​နန်းတော်​နှင့်​နီး​သောကြောင့် ဟင်းသီးဟင်းရွက်​ခြံ​ပြုလုပ်​လို​သဖြင့် ငါ့​ကို ပေး​ပါ​လော့​။ ထို​ခြံ​အစား ပိုကောင်း​သော​စပျစ်ခြံ​ကို ပေး​မည်​။ သို့မဟုတ် တန်ဖိုး​ငွေ​ကို သင်​အလိုရှိ​လျှင် ငါ​ပေး​မည်​”​ဟု မိန့်ဆို​လျှင်


ဒါဝိဒ်​မင်းကြီး​သည် ဩရနန်​ထံသို့ ချဉ်းကပ်​လာ​၏​။ ဩရနန်​သည် လှမ်းကြည့်​၍ ဒါဝိဒ်​မင်းကြီး​ကို မြင်​လျှင် ကောက်နယ်တလင်း​မှ ထွက်လာ​၍ ဒါဝိဒ်​မင်းကြီး​ရှေ့ မြေ​မှာ​ပျပ်ဝပ်​လေ​၏​။


ဩရနန်​က​လည်း ဒါဝိဒ်​မင်းကြီး​အား “​အကျွန်ုပ်​၏​သခင်​အရှင်မင်းကြီး ယူ​တော်မူ​ပါ​။ အလိုရှိ​သည့်​အတိုင်း ပြု​တော်မူ​ပါ​။ မီးရှို့ရာယဇ်​အဖို့ နွား​၊ ထင်း​အဖို့ ကောက်နယ်​သစ်သားပြား​၊ ဘောဇဉ်ပူဇော်သက္ကာ​အဖို့ ဂျုံ စသည်​တို့​ကို အကျွန်ုပ်​ပေး​ပါ​မည်​။ အားလုံး​ကို အကျွန်ုပ်​ပေး​ပါ​မည်​”​ဟု လျှောက်တင်​၏​။


သေ​သူ​နှင့် ရှင်​သူ​တို့​ကြား ရပ်​နေ​၏​။ ဘေးဒဏ်​လည်း​ငြိမ်း​လေ​၏​။


ထို​အစ္စရေး​အမျိုးသား​နောက် တဲ​အတွင်း​သို့ လိုက်ဝင်​သွား​၍ အစ္စရေး​အမျိုးသား​နှင့် ထို​မိန်းမ နှစ်ဦးစလုံး​တို့​၏​ဗိုက်​ကို လှံ​နှင့်​ထိုး​လေ​၏​။ ထို့ကြောင့် အစ္စရေး​အမျိုးသား​တို့​တွင် ဘေးဒဏ်​ငြိမ်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ