သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
၂ ရာ 24:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရားလက်တော်ထဲသို့သာ ငါတို့ကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။ Common Language Bible ဒါဝိဒ်က``ငါသည်အလွန်ဆိုးရွားသည့် အခြေအနေနှင့်ကြုံတွေ့ရပါသည်တ ကား။ လူ့လက်ဖြင့်ဒဏ်မခံရပါစေနှင့်။ ထာဝရဘုရားပင်ဒဏ်ပေးတော်မူပါ စေ။ ကိုယ်တော်သည်ကရုဏာထားတော် မူတတ်သောအရှင်ဖြစ်ပါ၏'' ဟုဂဒ် အားဆို၏။- Garrad Bible ဒါ ဝိဒ် မင်း က ငါ သည် ကျဉ်း ကျပ် ရာ ရောက် လေ စွ။ ထာ ဝ ရ ဘု ရား၏ က ရု ဏာ တော် ကြီး လှ သည် ဖြစ်၍ လက် တော် သို့ သာ ရောက် ပါ စေ။ လူ့ လက် သို့ မ ရောက် ပါ စေ နှင့် ဟု ဂဒ် အား ပြန် ပြော သည် နှင့် အ ညီ Judson Bible ဒါဝိဒ်ကလည်း၊ ငါသည် ကျဉ်းမြောင်းရာသို့ ရောက်လေပြီတကား။ ထာဝရဘုရား၏လက်တော်သို့ ရောက်ပါစေ။ ကရုဏတော် ကြီးလှ၏။ လူလက်သို့ မရောက်ပါစေနှင့်ဟု ဂဒ်အားပြန်ပြော၏။ |
သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
ဘုရားသခင့်လူ၏ငယ်သားတစ်ယောက်က စောစောထ၍အပြင်ထွက်ကြည့်သောအခါ စစ်သည်နှင့် မြင်းများ၊ ရထားများ မြို့ကိုဝိုင်းရံထားသည်ကို တွေ့သဖြင့် ထိုငယ်သားက သူ့သခင်အား “အို အကျွန်ုပ်၏သခင်၊ အကျွန်ုပ်တို့ မည်သို့ပြုရပါမည်နည်း”ဟု မေးလျှောက်၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဂဒ်အား “ငါသည် အကျဉ်းအကျပ်ထဲသို့ ရောက်ပါပြီတကား။ ထာဝရဘုရားသည် သနားခြင်းကရုဏာကြီးမားသည်ဖြစ်၍ ထာဝရဘုရား၏လက်တော်ထဲသို့သာ ငါကျရောက်ပါစေ၊ လူ့လက်ထဲသို့ မကျရောက်ပါစေနှင့်”ဟု မိန့်ဆို၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏သနားစုံမက်ခြင်းသဘောသည် ကြီးမားလှပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တော်မူသောကြောင့် လူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါ၏။
အို အစ္စရေးလူမျိုး၊ ထာဝရဘုရားကို မျှော်လင့်ကိုးစားလော့။ အကြောင်းမူကား ထာဝရဘုရား၌ မေတ္တာကရုဏာတော်ရှိ၏။ ကြွယ်ဝသောရွေးနုတ်ကယ်တင်ခြင်းလည်း ကိုယ်တော်၌ရှိ၏။
ထာဝရဘုရားသည် အရာခပ်သိမ်းတို့အပေါ် ကောင်းမြတ်တော်မူ၏။ မိမိပြုလုပ်ဖန်ဆင်းသောအရာအားလုံးကိုလည်း သနားစုံမက်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏မေတ္တာကရုဏာတော်နှင့်အညီ အကျွန်ုပ်ကိုသနားတော်မူပါ။ ကိုယ်တော်၏ကြီးမားသောသနားစုံမက်ခြင်းနှင့်အညီ အကျွန်ုပ်ကျူးလွန်သောအပြစ်များကို ပယ်ဖျက်တော်မူပါ။
သို့သော် အို ဘုရားရှင်၊ ကိုယ်တော်သည် သနားစုံမက်တတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘောနှင့်ပြည့်စုံသော ဘုရားသခင်ဖြစ်တော်မူပြီး စိတ်ရှည်သောသဘော၊ သမ္မာတရားနှင့်မေတ္တာကရုဏာကြွယ်ဝသော သဘောရှိတော်မူ၏။
အကြောင်းမူကား အို ဘုရားရှင်၊ ကိုယ်တော်သည် ကောင်းမြတ်၍ ခွင့်လွှတ်တော်မူတတ်၏။ ကိုယ်တော်ကိုခေါ်သောသူအပေါင်းတို့အပေါ်၌လည်း မေတ္တာကရုဏာတော်ကြွယ်ဝတော်မူ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
ဆိုးယုတ်သောသူသည် မိမိလမ်းကိုလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လှည့်လာပါစေ။ သို့ပြုလျှင် ကိုယ်တော်သည် သူ့ကို သနားတော်မူမည်။ ငါတို့၏ဘုရားသခင်ထံတော်သို့ ပြန်လှည့်လာပါစေ။ အကြွင်းမဲ့ခွင့်လွှတ်တော်မူမည်။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အရှင် ဘုရားသခင်ကိုပုန်ကန်ကြသော်လည်း ကိုယ်တော်သည် ကရုဏာတော်နှင့် ပြည့်ဝပါ၏။ အပြစ်ကို ခွင့်လွှတ်ပေးပါ၏။
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
ကိုယ်တော်နှင့်တူသောဘုရားရှိပါသလော။ ကိုယ်တော်သည် အပြစ်လွှတ်တော်မူသောဘုရား၊ ကြွင်းကျန်သောအမွေတော်တို့ကျူးလွန်သောအပြစ်ကို ခွင့်လွှတ်တော်မူသောဘုရား၊ အမျက်တော်ကိုသိုမထား မေတ္တာကရုဏာအစဉ်ပြတော်မူသောဘုရား ဖြစ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့ကို သနားစုံမက်တော်မူ၍ အကျွန်ုပ်တို့၏ဒုစရိုက်များကို နင်းချေတော်မူမည်။ အပြစ်ရှိသမျှကိုလည်း ပင်လယ်ရေနက်ရာထဲသို့ ပစ်ချတော်မူမည်။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။
သို့ဖြစ်၍ ငါသည် ဤနှစ်ခုကြား၌ အကျပ်ရိုက်နေ၏။ ငါသည် ဤဘဝကိုစွန့်ခွာ၍ ခရစ်တော်နှင့်အတူရှိရန် ဆန္ဒရှိ၏။ ထိုသို့ဖြစ်လျှင် များစွာသာလွန်ကောင်းမွန်၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။