မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
၂ ရာ 23:6 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးညစ်သောသူတို့မူကား လက်နှင့်ကိုင်၍မရသောဆူးပင်နှင့်တူ၏။ အားလုံးကော်ထုတ်ပစ်ခြင်းခံရမည်။ Common Language Bible သို့ရာတွင်ဘုရားမဲ့သူတို့မူကားဖယ် ရှားခြင်းကို ခံရသည့်ဆူးပင်များနှင့်တူကြ၏။ ထိုဆူးပင်တို့ကိုအဘယ်သူမျှလက်နှင့် မကိုင်မတွယ်နိုင်။ Garrad Bible တ ရား မဲ့ သူ တို့ မူ ကား လက် ကိုင် မ ရ၊ ထိုး ပစ်၍ ချ ရ သော ဆူး လေ ပင် သ ဖွယ် ဖြစ် ၏။ Judson Bible အဓမ္မလူအပေါင်းတို့မူကား လက်နှင့်မကိုင်သာ၊ ပယ်ရှားရသော ဆူးပင်ကဲ့သို့ ဖြစ်ရကြလိမ့်မည်။ |
မြေသည် သင့်အဖို့ ဆူးပင်နှင့် ဆူးလေပင်တို့ကိုပေါက်စေမည်။ သင်သည် လယ်ယာမှထွက်သောအပင်ကို စားရမည်။
ဂိလဂါလမြို့တွင် ဗင်္ယာမိန်အမျိုးသား ဗိခရိ၏သားဖြစ်သူ ရှေဘအမည်ရှိသော ဆိုးညစ်သူ တစ်ဦးရှိ၏။ သူသည် တံပိုးကိုမှုတ်၍ “ဒါဝိဒ်၌ ငါတို့ ဝေစုမရှိ။ ယေရှဲ၏သား၌ ငါတို့ အမွေခံစရာမရှိ။ အို အစ္စရေးလူမျိုးတို့၊ ကိုယ့်အိမ်သို့ ကိုယ်ပြန်ကြ”ဟု ဆို၏။
“မိန်းမပျိုတို့အလယ်တွင် ငါ့ချစ်သူလေးသည် ဆူးပင်များကြားမှနှင်းပန်းကဲ့သို့ ဖြစ်ပါ၏။”
ငါ အမျက်မထွက်ပါ။ မည်သူသည် ငါ့ကို ချုံပင်၊ ဆူးပင်များနှင့် တိုက်ပွဲဝင်စေမည်နည်း။ ချီတက်တိုက်ခိုက်ပြီး အားလုံးမီးရှို့ပစ်မည်။
လူတို့သည် ထုံးမှုန့်ဖြစ်သည်အထိ လောင်မြိုက်ခြင်းခံရမည်။ ဆူးပင်ကိုခုတ်လှဲ၍ မီးရှို့လိုက်သကဲ့သို့ ဖြစ်မည်။
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။
သူတို့တွင် သူတော်ကောင်းသည် ဆူးပင်နှင့်တူ၏။ ရိုးသားဖြောင့်မတ်သောသူသည် ဆူးချုံပုတ်ထက်ဆိုး၏။ သင့်ကင်းစောင့်များသတိပေးသောနေ့၊ သင်စစ်ကြောစီရင်ခြင်းခံရသောနေ့ ရောက်လာပြီ။ ယခု သူတို့ထိတ်လန့်ချောက်ချားရလေပြီ။
သူတို့သည် ဆူးချုံကဲ့သို့ ရစ်ပတ်ရှုပ်ထွေးလျက်၊ စပျစ်ဝိုင်ကိုသောက်စားမူးယစ်လျက်နေစဉ် ခြောက်သွေ့သောရိုးပြတ်ကဲ့သို့ မီးလောင်ကျွမ်းခြင်းခံရလိမ့်မည်။
လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင်
ဆိုးညစ်သောသူတို့ထကြွပြီး သင်မသိသောအခြားဘုရားများကို ‘ငါတို့သွား၍ ဝတ်ပြုကြစို့’ဟု ဆိုလျက် သူတို့သည် သူတို့မြို့၌နေထိုင်သောသူတို့ကို ဖြားယောင်းသွေးဆောင်နေကြောင်း သင်ကြားလျှင်
ဧလိ၏သားတို့သည် ထာဝရဘုရားနှင့် အကျွမ်းမဝင်၊ ဆိုးညစ်သောသားများဖြစ်ကြ၏။
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။